Chapter 32

4.3K 842 43
                                    

[Unicode]

ရန်ရိ ဆက်​ပြီးမေးချင်​​နေခဲ့သည်၊ သို့​​သော် ချိုးယန်မှာ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ဤအရာမှာ လိုရင်းတိုရှင်းနှင့်​ ရှင်း​အောင်ပြောလို့ရသည့်အရာမဟုတ်​ကြောင်းကို သူ သိ​ပေသည်။ ထို့အပြင် ချိုးယန် အဘယ့်ကြောင့်ဆက်မ​ပြောချင်​တော့သလဲဆိုတာကို သူ နားလည်​နိုင်ပေသည်။

လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်တုန်းက တကယ်ပဲ ဘာများဖြစ်ခဲ့တာလဲ ?!

လူနာအခန်းသို့ ပြန်​ရောက်​သောအခါ၊ အဘစန့်သည် ကုံးရင့်ရှန်အား အင်္ကျီအသန့်လဲ​ပေးပြီးသွားပြီဖြစ်သည်။ သူ ရန်ရိပြန်လာသည်ကို မြင်​သောခါ၊ ကုံးရင့်ရှန်အတွက် လုပ်​ဆောင်စရာကိစ္စများကိုသွား​ဆောင်ရွက်​ပေး​​တော့သည်။

ရန်ရိသည် ကုတင်အ​ရှေ့တွင် ရပ်​နေပြီး၊ ကုံးရင့်ရှန်တစ်​ယောက် ​ဖြူ​ဖျော့ပြီးတိတ်ဆိတ်စွာအိပ်စက်​နေသည်ကို ​အ​သေးစိတ်​​သေချာကြည့်​နေခဲ့သည်။

အရမ်းကို လှတာပဲ၊ ထိုနက်နဲ​တောက်ပသည့်မျက်ဝန်းအစုံက ပိတ်ထားတာ​တောင်မှ၊ ရင်ဖိုစရာ​ကောင်းသည့်ရုပ်ရည်အသွင်ပြင်မှာ ​လျော့ကျသွား​ခြင်းမရှိပေ။ သို့​သော် ထာဝရဘုရားသခင်၏ အနုစိတ်ဖန်တီးထုဆစ်​ပေးခြင်းကို ခံယူခဲ့ရသည့်ဤလူသားသည်၊ ကံကြမ္မာနတ်ဘုရား၏ သနားညှာတာမှုကို နည်းနည်းက​လေး​တောင်မှမရခဲ့ဘဲ၊ ဖီလာအားဖြင့် သူ့၏အရာအားလုံးကို အရက်စက်ဆုံး​သောနည်းလမ်းဖြင့် လုယူသွားခဲ့​လေသည်။

ရန်ရိ၏နှလုံးသားသည် စူးခနဲနာကျင်သွားခဲ့သည်။ အဘယ်​ကြောင့်ဆိုသော် မီး​ကြောင့်ဖြစ်​​ပေါ်လာသည့် လူ့ဘဝ၏​ကြောက်စရာ​ကောင်းသည့်ကိစ္စရပ်အများကြီးအများကြီးကို သူ မြင်​တွေ့ခဲ့ဖူး​သော​ကြောင့်ဖြစ်သည်။ ​လေးစားရသည့်ဆရာသမားများ၊ ညီအစ်ကို၊ သူငယ်ချင်းတို့ကို မီးက လုယူသွားခဲ့သည်ကို သူ ခံစားဖူး​သဖြင့်၊ ကုံးရင့်ရှန်၏နာကျင်မှုကို သူ ပိုပြီးနားလည်နိုင်​ပေသည်။

ထိုအရွယ်​ရောက်ပြီးသားလူ​တောင်မှ သည်းခံရန်ခက်ခဲသည့်နာကျင်မှုကို ​ခြောက်နှစ်အရွယ်က​လေး​လေးတစ်​ယောက်အား သွားပြီးထမ်းပိုး​စေခဲ့သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now