Chapter 148

3.3K 544 36
                                    

[Unicode]

​ဆေးရုံ၌ ရန်ရိနိုးလာသည့်အချိန်တွင် ရင်းနှီး​နေသည့်၊ ဖြူ​ဖွေး​နေသည့် ထိုမျက်နှာကြက်ကို သူ ​ငေးကြည့်​နေခဲ့သည်။ စိတ်ထဲတွင် အာရုံငါးပါးမှာ ​ရော​ယှက်နေ​ခဲ့သည်။

ဒါက တစ်နှစ်အတွင်းမှာ ဘယ်နှ​ခေါက်​မြောက် ​ဆေးရုံတက်ရခြင်းပါလိမ့်?များလွန်းသဖြင့် သူ စဥ်းစား၍​တောင်မရ​​တော့ချေ။ သည်တစ်​ခေါက်သည် အရင်အ​ခေါက်များထက် အနည်းငယ်ပိုပြီးပြင်းထန်​လေသည်။ သူ့တစ်ကိုယ်လုံး နာကျင်​နေပြီး၊ ခန္ဓာကိုယ်ပြင်ပရှိအ​ရေပြား​နေရာအ​​တော်များများမှာလည်း နှင်းကိုက်နာဖီစီး​နေခဲ့သည်။ ခန္ဓာကိုယ်အတွင်းကကိုယ်တွင်းအင်္ဂါများကလည်း ammonia ၏တိုက်စားခြင်းကို ခံထားရ​လေသည်။ ​နောက်ဆက်တွဲအကျိုးဆက်တစ်ခုခုကျန်ခဲ့မည်ကို သူ အနည်းငယ်စိုးရိမ်မိသည်။

ကုံးရင့်ရှန်​ရော ?ကုံး​ဖေးလန်​ရော ?သူတို့ ဘယ်လို​နေပါလိမ့် ?

ရန်ရိ ထချင်​သော်လည်း မိမိမှာလှုပ်၍မရ​​ကြောင်းကို တွေ့လိုက်ရသည်။ အက်ကွဲနေသည့် ​ရေရွတ်သံသာထွက်လာခဲ့သည်။

အိပ်ရာခင်းက တစ်ချက်လှုပ်သွားပြီး၊ အနားရှိလူတစ်​ယောက်က အနားသို့ကပ်လာခဲ့သည်၊ ချွီးယန်​ပေါပင်။

" စစ်​ဟွော်၊ မင်း နိုးလာပြီ!"

ချွီးယန်​ပေါက စိတ်လှုပ်ရှားစွာဖြင့်​ပြော​လေသည်၊

" မင်း ​နောက်ဆုံး​တော့ နိုးလာပြီပဲ။ မင်း ခဏ​စောင့်ဦး၊ ငါ ဆရာဝန်​ခေါ်လိုက်မယ်။ "

သူ အ​ရေး​ပေါ်ခလုတ်ကိုနှိပ်လိုက်သည်။ ထို့​နောက် ရန်ရိ၏မျက်နှာကို ​သေချာစစ်​ဆေးကြည့်ပြီး သက်ပြင်းဖွဖွချလိုက်​တော့သည်။

" ငါ-ိုးထဲမှ ဒီတစ်​ခေါက် တကယ် ကိစ္စတုံး​တော့​မလို့။ "

ရန်ရိ ပါးစပ်ဟလိုက်သည်:

" ကုံး......"

" သူ ဘာမှမဖြစ်ဘူး၊ ​ဖေးလန်လည်း ဘာမှမဖြစ်ဘူး။ မင်းကိုယ်မင်း အရင်စိတ်ပူစမ်းပါ။ မင်းကို သယ်ထုတ်လာတဲ့အချိန်တုန်းက အသက်​​တောင်မရှိ​​တော့လုဆဲဆဲပဲ သိရဲ့လား။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now