Chapter 82

3.9K 668 135
                                    

[Unicode]

ရန်ရိ၏တစ်ကိုယ်လုံးသည် ​တောင့်တင်းသွားလေသည်။ ဦး​ခေါင်းမှာလည်း တစ်ချက်ဝုန်းခနဲမြည်သွားပြီး၊ ဗုံးတစ်လုံး​က ​ဘေးပတ်ပတ်လည်ရှိအရာအားလုံးကို ယူသွားသလိုမျိုး၊ ရုတ်ခြည်းဆိုသလို ဗလာဟင်းလင်းပြင်တစ်ခုသာ ကျန်ရစ်ခဲ့​​​​တော့သည်။

ချီ​ရှောင်း၏အကြည့်သည် နှစ်​ယောက်၏မျက်နှာ​ပေါ်တွင် သွားလိုက်ပြန်လိုက်ဖြစ်​နေခဲ့ပြီး၊ ရုတ်တရက် တစ်ခုခုကိုနားလည်သွား​တော့သည်။ ဤ​ဒေါက်တာကုံးကို ​နှစ်ကြိမ်မျှတွေ့ခဲ့ဖူးသည့်မြင်ကွင်းနှင့် ရန်ရိ အရင်တစ်​ခေါက်တုန်းက ​​အစ​ဖော်ခဲ့ဖူးသည့် " Blind date " တို့ကို ပြန်​တွေးမိသွားသည်။ တကယ်​တော့ သူ အ​​စောကြီးကတည်းက ခန့်မှန်းမိခဲ့သင့်သည်။

ချီရှောင်းသည် ကိုယ့်ကိုယ်ကိုယ်ကိုသာ ပြက်ရယ်ပြုမိ​တော့သည်။ ရန်ရိက သူ့အား ​စာနာထောက်ထားခဲ့ခြင်းဖြစ်သည်။ သူ ယတိပြတ်စွန့်ပစ်လိုက်မည်ဆိုပါက အမှန်တကယ်ကို သိပ်ကသိက​အောက်ဖြစ်စရာ​ကောင်း​ပေသည်။

မျက်စိအ​ရှေ့တွင်ဖြစ်ပျက်ခဲ့သည့်အရာအားလုံးသည် ကုံးရင့်ရှန်၏နှလုံးနှင့်အဆုတ်တို့ကို ​ပေါက်ကွဲထွက်​စေခဲ့​လေသည်။ သူ ဘယ်တုန်းကမှ သည်လိုမျိုး​ဒေါသမထွက်ဖူးဘူး​ချေ။ အလှည့်စားခံရသည့်၊ သစ္စာအ​ဖောက်ခံရသည့်၊ အလုယူခံလိုက်ရသည့်အမျက်​ဒေါသအပြင်၊ ဘယ်သူတစ်ဦး​တစ်​ယောက်ကိုမှ လက်ဖျားနှင့်ထိခွင့်လုံးဝမပြုနိုင်သည့် တစ်စုံတစ်ခု​သောအရာကို အစွန်းထင်းခံလိုက်ရသည့်နာကျင်မှုကိုပါ သူခံစားလိုက်ရ​သည်။

ကုံးရင့်ရှန်သည် လက်ထဲရှိပစ္စည်းကို ​မြေပြင်​ပေါ်သို့ ခပ်ကြမ်းကြမ်းပစ်ချပစ်လိုက်သည်။ သု့၏မျက်နှာအမူအရာမှာ ​မာ​ကျောပြီးမဲ့​ရွဲ့နေခဲဲ့သည်။ ချီ​ရှောင်းကို ပြူးကြည့်​နေသည့်အကြည့်မှာ ခက်ထန်ပြီး​အေးစက်မှုန်မှိုင်း​နေခဲ့သည်။ သူသည် အံကိုကြိုတ်ပြီး စကားလုံးတစ်လုံး​ပြောလိုက်သည် :

" ထွက်သွား။ "

ချီ​ရှောင်သည် ကုံးရင့်ရှန်၏​ကြောက်စရာ​ကောင်းသည့်အ​ငွေ့အသက်​ကြောင့် လန့်သွား​လေသည်။ သူ့၏​နောက်​ကျောသည် ​ချမ်းစိမ့်လာပြီး၊ ရက်စက်သည့်ကျားတစ်​ကောင်နှင့်အစာပြိုင်လု​နေသည့် ​ခွေးတစ်​ကောင်နှယ်၊ စိတ်ထဲတွင် ​ကြောက်ရွံ့မှုများအပြည့်ဖြစ်​နေခဲ့သည်။ သူသည်မသိလိုက်ဘာသာဖြင့် အ​နောက်သို့နှစ်လှမ်းမျှဆုတ်မိလိုက်​သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now