Chapter 102

4.6K 579 13
                                    

[Unicode]

သူတို့သည် ပင်လယ်​နေသတ္တဝါတို့၏ documentary ရုပ်ရှင်ကို အတူတူကြည့်ခဲ့ကြသည်။ အဖျားကျ​ဆေး​သောက်ထားသည့်ရန်ရိမှာ ကြည့်​နေရင်းတစ်ဝက်တွင် ဆိုဖာ​ပေါ်၌ အိပ်​ပျော်သွား​လေသည်။ ကုံးရင့်ရှန်သည် သူ့အား မိမိ၏ရင်ခွင်ထဲသို့ တိတ်တိတ်​လေးဆွဲသွင်းလိုက်ပြီး၊ သူ့၏​ခေါင်းအား မိမိ၏ပခုံး​ပေါ်တွင် မှီထား​စေခဲ့လိုက်သည်။

ထို​လေး​လေး,​လေးဖြစ်​နေသည့်အ​လေးချိန်သည် ကုံးရင့်ရှန်အား အလွန်​ကျေနပ်နှစ်သက်​စေ​ပေသည်။

ရုပ်ရှင်ပြီးသွားတာ​တောင်မှ ရန်ရိတစ်​ယောက် မနိုးသေး​ပေ။ ကုံးရင့်ရှန်သည် သူ့အား သတိကြီးစွာထား၍ပွေ့လိုက်ပြီး၊ သူ့အား အခန်းသို့ပြန်ပို့​ပေးလိုက်သည်။

ဤတစ်​ခေါက်တွင် ရန်ရိနိုးသွား​လေပြီ။ ကုံးရင့်ရှန်က သူ့အား ​စောင်ခြုံ​ပေး​နေသည်ကိုကြည့်​နေခဲ့သည်။ သူ တစ်ချက်သန်းလိုက်ပြီး အိပ်ချင်မူးတူးနှင့်​ပြောလိုက်သည် :

“ ဘယ်တုန်းက အိပ်​ပျော်သွားတာလဲ။ ”

“ မင်း​သောက်တဲ့​ဆေးမှာ နှစ်နှစ်ခြိုက်အိပ်​ပျော်​စေတဲ့ပါဝင်ပစ္စည်းပါတယ်။ ”

“ ဒီငါမန်း​လေးက ​နောက်ဆုံးမှာ ​သေသွားလား။ ”

“ မ​သေဘူး၊ ကြီးလာပြီး ငါးမန်းကြီးဖြစ်သွားတယ်။ ”

ရန်ရိ ရယ်လိုက်ပြီး :

“ မင် ဘာလို့ ငါ့မနှိုးရတာလဲ။ ”

“ မင်း ​ကောင်း​ကောင်းအနားယူသင့်တယ်။ ”

ကုံးရင့်ရှန်သည် ရန်ရိကိုကြည့်နေခဲ့သည်။ တစ်ခုခု​ပြောဖို့ရန် တွန့်ဆုတ်​နေသည့်ပုံပင်။

“ ဘာဖြစ်လို့လဲ ?”

“ ငါ ဌာနခွဲကိုပြန်သွားရမယ်။ ”

ကုံးရင့်ရှန် အနည်းငယ်အခက်​တွေ့စွာဖြင့်​ပြော​လေသည်။

“ ကိစ္စ​တွေအများကြီးက ငါ​ဖြေရှင်းတာကို​စောင့်​နေကြတာ။ ဒါ​ပေမဲ့ ညဖက်ကျရင် ငါပြန်လာခဲ့မယ် ဒါမှမဟုတ် မနက်ဖြန်မနက်။ ”

Fight The Fire 《火焰戎装》Myanmar TranslationOpowieści tętniące życiem. Odkryj je teraz