Chapter 60

3.7K 713 68
                                    

[Unicode]

ရန်ရိတစ်​ယောက် အိမ်မှ အလျင်စလိုထွက်လာပြီး၊ စခန်းဆီသို့ ​ပြေးသွား​တော့သည်။ လမ်းမကြီးတစ်လမ်းစာသာ ခြားသော်လည်း၊ သို့သော် ဤလမ်းမှာ အနည်းငယ်​ဝေး​သည်ဟု သူ ပထမဆုံးအကြိမ်​တွေးမိလိုက်သည်။ ၄င်းမှာ သူ ကုံးရင့်ရှန်နှင့် နည်းနည်းမြန်မြန်​တွေ့ဆုံနိုင်ဖို့ကို တားဆီးပိတ်ဆို့​နေသလိုမျိုး ခံစားလိုက်ရသည်။

လမ်းမမျက်နှာချင်းဆိုင်၊ စခန်းအ​ပေါက်ဝ​ရှေ့ရှိ ကားထဲတွင် ကုံးရင့်ရှန်စောင့်​နေသည်ကို သူ ​တွေ့လိုက်ရသဖြင့်၊ သူ အမြန်​ပြေးသွား​လိုက်သည်။

ကားမှန်သည် တဖြည်းဖြည်းနိမ့်ဆင်းလာခဲ့သည်။ ​ညရှု့ခင်း၏အမှောင်၊ အမည်း​ရောင်ကားကိုယ်ထည်နှင့် အမည်း​ရောင်းအတွင်းပိုင်းအပြင်ဆင်တို့မှာ လူကိုအသက်ရှူကြပ်​စေသည့်ကွန်ရက်အဖြစ်သို့ ​ပြောင်းလဲသွားသလိုပင်။ ၄င်းတို့အထဲမှ ကုံးရင့်ရှန်၏​ထိုခန့်ညားလှသည့် ကျောက်စိမ်းဖြူ​ရောင်မျက်နှာတစ်ခုတည်းကသာ အလင်း​ရောင်ရှိ​နေခဲ့သည်။ အ​မှောင်ထုကို ​ပြင်းပြင်းထန်ထန်ဖောက်ထွက်လာသည့် အလင်းလှိုင်း​နှယ်၊ ​နေရာတစ်ခုလုံးကို လင်းလက်သွား​စေခဲ့​လေသည်။

ရန်ရိရင်ထဲတွင် လှုံ့​ဆော်မှုတစ်မျိုးထကြွလာခဲ့သည်--ကုံးရင့်ရှန်ကို အားနှင့်အင်နှင့်ပွေ့ဖက်ပစ်လိုက်ချင်သည့် စိတ်ဆန္ဒပင်။ ဆယ်ရှစ်နှစ်လုံးလုံး ဦး​ခေါင်းအထက်တွင်ဖုံးအုပ်​နေသည့်အ​မှောင်ထုကို ဖယ်ရှားပစ်ဖို့ရန်အတွက်၊ မိမိကိုယ်တိုင်ကလည်း ကုံးရင့်ရှန်၏အလင်း​ရောင်ဖြစ်နိုင်ဖို့ကို သူ(ရန်ရိ) ဘယ်​လောက်​တောင်မှ ​​မျှော်လင့်​နေလိုက်သလဲ။

ကုံးရင့်ရှန် တံခါးဖွင့်ပြီး ကား​ပေါ်မှ ဆင်းလာခဲ့သည်။ ​လေသံထဲတွင် အပြစ်တင်မှု​​ရောစွက်​နေခဲ့သည် :

" မင်းရဲ့​ကုတ်အင်္ကျီ​ရော ?ဘယ်လိုလုပ် ဒီလိုမျိုးဝတ်ထားပြီး ​ပြေးထွက်လာရတာလဲ ?"

ရန်ရိတစ်​ယောက် အသိပြန်ဝင်လာပြီး၊ မိမိမှာ ကုတ်အင်္ကျီ​ကိုတောင်မှ မယူလာခဲ့မှန်းသိသွား​ရသည်။ အပြင်ထွက်လာတုန်းက၊ သူ့အ​ဖေ သူ့ကို ​တောက်​လျှောက်​အော်​​​​​​ခေါ်နေခဲ့သည်မှာ မထူးဆန်း​​တော့​​ပေ။ သို့​သော်၊ သူ့ရင်ထဲတွင် မီး​တောက်တစ်​တောက်လောင်ကျွမ်း​နေခြင်း​ကြောင့်၊ သူသည် အေးတယ်လို့​တောင်မှ နည်းနည်း​လေးမှ​​မခံစားရ​ပေ။ ၄င်းမှာ ကုံးရင့်ရှန်ကို ​တွေ့လိုက်သည်နှင့်၊ ပိုပိုပြီး​လောင်ကျွမ်းလာကာ ပိုပိုပြီးမီး​တောက်လာ​​တော့သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now