Chapter 145

4.1K 527 18
                                    

[Unicode]

ဤခေါ်သည့်လူကို တွေ့ပြီး နှစ်ယောက်စလုံး ကြက်သေသေသွားတော့သည်။

ကုံးရင့်ရှန်တစ်ယောက် ဖုန်းအမြန်ကိုင်လိုက်ပြီး :

" ဖေးလန်၊ နင်......"

" ဒေါက်တာကုံး၊ ခေါင်းဆောင်ရန်။ "

ဖုန်း၏ထိုဘက်မှ အသံ‌ပြောင်းစက်ဖြင့် ပြင်ထားသည့်၊ ထူးဆန်းသည့်အသံတစ်သံပျံ့လွင့်လာခဲ့သည်။

နှစ်ယောက်သားမှာ ရုတ်တရက် ကြက်သီးမွေးမျှင်ထလာ‌တော့သည်။

သည်အသံကို သူတို့ သိပေသည်။ အသံပြောင်းစက်ဖြင့်ပြောင်းထားခြင်းဖြစ်သော်လည်း ၎င်းသည် မူလအသံမှ လာခြင်းဖြစ်သည်။ တူညီသည့်လူတစ်ယောက်၏ အသံကာလာ၊ အသံနေအသံထား၊ လေယူလေသိမ်းစသည့် ဤအ‌သေးစိိတ်များမှာ မှန်းလို့ရသည့်အမှတ်အသားရှိပေသည်။ ဤအသံမှာ သူတို့ ဟုန်လင်အားကစားရုံတွင်တွေ့ခဲ့သည့် ထို video ထဲမှအသံ အတိအကျပင်ဖြစ်သည်။ ကျစ်ယန့်ဆီမှပင်။

" ကျစ်ယန့်......"

ကုံးရင့်ရှန်က အေးစက်စွာဖြင့်၊

" မိစ္ဆာလိုကောင်၊ ကလေးတစ်စုကိုတောင်မှ အလွတ်မပေးဘူး။ "

ယခုနတုန်းက သူ့၏စိတ်လှုပ်ရှားမှုများသည် ချက်ချင်းဆိုသလို တည်ငြိမ်သွားတော့သည်။ ဤဖုန်းကောသည် သတင်းဆိုးတစ်ခုကို ပါးလာသည်ဆိုသော်ငြားလည်း တစ်ချိန်တည်းမှာပင် ဖြစ်နိုင်‌ချေရှိသည့်သတင်းကောင်းတစ်ခုကလည်း အတူလိုက်ပါလာပေသည်၊ ၎င်းမှာ ကုံးဖေးလန်အသက်ရှင်နေသေးသည်ဆိုတာပင်။ အကယ်၍ ကျစ်ယန့်က ကုံးဖေးလန်အား ရှင်းပစ်ဖို့သာလုပ်ထားမည်ဆိုလျှင် သူတို့အား အဆုံးသတ်ကို တိုက်ရိုက်ကြည့်ခိုင်းလိုက်လျှင် ရပြီဖြစ်ပြီး၊ ခြေရာခံလိုက်နိုင်သည့်စွန့်စားမှုမျိုးကိုစွန့်စားပြီး ဤဖုန်းခေါ်မှုမျိုးကို လုပ်ဖို့ရန် မလိုအပ်ချေ။

ကျစ်ယန့်က စိုးစဉ်းမျှဂရုမစိုက်စွာဖြင့်ပြောလေသည် :

" ငါ ထင်တာကတော့ ဒါက ငါ့ကို အပြစ်မတင်သင့်ဘူး။ မင်းက ကုံးမမလေးကို သိပ်အကာကွယ်ကောင်းလွန်းတော့ ငါတို့က ဒီလိုမျိုးအခွင့်ရေးကို ခက်ခက်ခဲခဲနဲ့ရှာတွေ့ထားရတာ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now