Chapter 135

6K 825 20
                                    

[Unicode]

" ငါ အချိန်ကို ​သေချာစီစဥ်လိုက်......"

ရန်ရိမှာ လက်​ချော်သွားပြီး​၊ ယခုနတုန်းက ဆက်ပြီးသွားသည့်အရိုးသုံး-​လေးပိုင်း​လောက်ကို ထပ်ထိမိပြီး ကျိုးသွားပြန်​တော့သည်။ သူ စိတ်ပျက်စွာဖြင့်​ရေရွတ်မိ​တော့သည်။

" ထား​လိုက်တော့၊ ငါ သူ့ကို ပြန်ယူသွားပြီပဲ ပြင်​တော့မယ်။ ဒီ​နေရာက သင့်တော်တဲ့ပစ္စည်းကိရိယာ​တွေမရှိဘူး။ "

ကုံးရင့်ရှန်သည် လင်လန်၏အရိုးများကို သိမ်းဆည်းပြီး အိတ်ထဲသို့ ထည့်လိုက်​တော့သည်။

ကုံးရင့်ရှန် ဝမ်းနည်း​နေသည့်ပုံစံကို ကြည့်ရင်း၊ ရန်ရိက ​မေးလိုက်သည် :

" ပြင်လို့ရနိုင်တယ်မလား ?"

" ငါ ​သေချာပေါက် ​ကောင်း​အောင်ကိုပြင်မှာ။ "

ဤလက်​ဆောင်တွင် ထူးခြားသည့်သွယ်ဝိုက်ညွှန်းဆိုချက်ရှိ​လေသည်။ သို့​သော် ယခု​တွင်မူ မူလပုံစံကို မမြင်နိုင်​တော့​ချေ။ သို့မဟုတ်လျှင် ရန်ရိက တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့၏ရည်ညွှန်းချက်ကို ​သေချာ​ပေါက် နားလည်နိုင်လိမ့်မည်ဖြစ်သည်။

" ​ကောင်းပါပြီ။ "

ရန်ရိက ​ပြောလိုက်သည်၊

" အသံသွင်းတာလည်း မင်း ရပြီးပြီဆို​တော့ အသုံးဝင်​လောက်​ရော​ပေါ့။ "

" ဝင်တယ်။ "

ကုံးရင့်ရှန်က ခိုင်မာစွာ​ပြော​လေသည်၊

" မီးရှို့သံသယရှိသူသုံး-​လေး​ယောက်​လောက်ကို ငါတို့ ပစ်မှတ်ရထားပြီးပြီ၊ ဖန်းကျည်း(လ်)ရွှိကို ​ဖော်ထုတ်ခိုင်းဖို့ စဥ်းစားထားတယ်။ "

" သံသယလူကို ပစ်မှတ်ရထားပြီးပြီ ?"

ရန်ရိ၏အသက်ရှူနှုန်းများပင် သတိကြီးကြီးကပ်လာ​တော့သည်။

ကုံးရင့်ရှန်သည် ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် :

" ငါတို့က အခင်း​နေရာမှာ ဓါတ်ပုံ​တွေအများကြီးရိုက်ခဲ့တယ်။ မင်းလည်း သိ​လောက်မှာပါ၊ မီးရှို့ဝါသနာထုံတဲ့လူ​တွေက အခင်း​နေရာကို ပြန်သွားပြီး ကိုယ့်ရဲ့ ' ​ပြောင်​မြောက်လှတဲ့လက်ရာ ' ကို ခံစားတယ်ဆိုတာကို။ အဲ့တာ​ကြောင့် သူက လူအုပ်ထဲမှာရှိနိုင်​ချေ အများကြီးရှိတယ်။ အဲ့ဒီ့အချိန်တုန်းက ဝိုင်းကြည့်​နေတဲ့လူ​တွေက အရမ်းများလွန်း​တော့ ငါတို့ကို ကူဖို့ Micro expression expert တစ်ဦးကို ငါတို့ရှာလိုက်တယ်။ သံသယဝင်စရာ​ကောင်းတယ်လို့ ငါတို့အားလုံး အကန့်အကွက်မရှိထင်ခဲ့ကြတဲ့လူတစ်​ယောက်ကို​တော့ ငါတို့ တိတ်တိတ်​လေးဖမ်းပြီးသွားပြီ။ အဲ့တာအပြင် ဖန်းကျည်း(လ်)ရွှိက အဖွဲ့အစည်းနဲ့ ပိုပြီး​တော့နီးကပ်တဲ့အဆက်အသွယ်ရှိလားဆိုတာကို​တော့ ငါ မ​သေချာဘူး။ ဒီတစ်​ခေါက်​တော့ သူ့ကို တစ်ချက်​လောက်စမ်းသပ်လို့ရတယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now