Chapter 27

4.9K 806 50
                                    

[Unicode]

ရန်ရိသည် ​ဟုန်ဝူဌာနခွဲသို့ နောက်ထပ်,ထပ်​ရောက်လာခဲ့သည်။ တာဝန်ကျအမျိုးသမီးဝန်ထမ်းများအားလုံးတောင်မှ သူ့အား သိ​ကျွမ်းနေပြီဖြစ်သည်။ သူကလည်း လမ်းတစ်​လျှောက်လုံး ရင်းနှီးစွာနှုတ်ဆက်​နေသဖြင့်၊ ကုံးရင့်ရှန်ထက်တောင်မှ ပိုပြီး ဤ​နေရာတွင်အလုပ်လုပ်​နေတာနှင့်တူ​နေ​သေးသည်။

စစ်​ဆေး​မေးမြန်းခန်းသို့ ဝင်လိုက်​သောအခါ၊ ချိုးယန်နှင့်တစ်ခြားရဲတစ်​ယောက်တို့သည် အရင်​ရောက်​​နေနှင့်ပြီးဖြစ်သည်။ စားပွဲ​ရှေ့တွင် စစ်​မေး​နေသည်မှာ ချိုက်ဝမ်၏အစ်ကို ချိုက်ချန်ဖြစ်​ကြောင်း သိသာပေသည်။

ဤလူသည်ခိုး​ကြောင်ခိုးဝှက်အကြည့်ဖြစ်​နေကာ၊ ပုံမှန် အကြည့်နှင့် ရဲ​သားများအား မကြည့်ရဲ​ချေ။ တွန့်ဆုတ်​နေသည့်ပုံစံနှင့်၊ ကြည့်လိုက်ရုံနှင့်ပင် အလွန်သံသယဝင်စရာ​ကောင်း​ပေသည်။

ကုံးရင့်ရှန်သည် ​ခေါင်းငုံ့လိုက်ပြီး :

" ​ခေါင်း​ဆောင်ချိုး။ "

ရန်ရိသည်လည်း နှုတ်ဆက်လိုက်သည်။

ချိုးယန်က​ ​ပြောသည် :

" ​ခေါင်း​ဆောင်ရန်၊ ဒီအမှု​ကြောင့် ရှင် ဒုက္ခများသွားရပြီ။ ကံ​ကောင်း​ထောက်မစွာနဲ့ ရှင်တို့ရဲ့မဆုတ်မနစ်ကြိုးစားမှု​ကြောင့်သာ ဒီလူကို တရားစွဲလို့ရခဲ့တာ။ "

ရန်ရိသည် ရယ်လျက် :

" ကျွန်​တော်က ​နောက်ပိုင်းမှာ ဘာမှလည်းကူညီမထားပါဘူးဗျာ။ အကုန်လုံးက ​ဒေါက်တာကုံးက တိတ်တိတ်​လေး​​ဆောင်ရွက်ထားတာပါ။ "

" သူ​ပြောတာက ရှင်က သူ့ကို လက်မ​လျှော့လိုက်ဖို့ တိုက်တွန်းတာတဲ့။ "

ချိုးယန်သည် ကုံးရင့်ရှန်အား မျက်​တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်ပြီး၊

" ဟုတ်တယ်မလား။ "

ကုံးရင့်ရှန်သည် ​ချောင်းအသာဟန့်လိုက်ပြီး၊ ဘာမှမ​ပြော​ချေ။

ချိုးယန်သည် မျက်နှာကိုလှည့်ပြီး၊ ချိုက်ချန်အား ကြည့်လိုက်သည့်အချိန်တွင်၊ လှပသည့်မျက်ဝန်းများသည် အခိုက်တန့်​လေးအတွင်းတွင် ​အေးစက်ပြီး ပြတ်သားသည့်အဖြစ်သို့ ​ပြောင်းလဲသွား​​လေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now