Chapter 31

5.1K 890 33
                                    

[Unicode]

" ကုံး၊ ​ဒေါက်တာကုံး ?"

ရန်ရိသည် စိုးရိမ်တကြီးနှင့် ​ပြောလိုက်သည်၊

" မင်း အဆင်​ပြေရဲ့လား?"

သူ ကိုယ်ကိုလှည့်ချင်​သော်လည်း၊ ကုံးရင့်ရှန်၏လက်​မောင်းနှစ်ဖက်သည် တင်းကျပ်စွာချုပ်ပြီး ဖက်ထား​ခဲ့သည်။ အ​ရေပြားမှကူးစက်လာသည့် တုန်ယင်မှုတစ်ခုချင်းစီတိုင်းသည် သူ့အား တုန်လှုပ်​စေခဲ့သည်။

ကုံးရင့်ရှန်၏ မြန်ဆန်​နေသည့်အသက်ရှူနှုန်းသည် ရန်ရိ၏လည်ပင်း​နေရာကို ရိုက်ခတ်​နေခဲ့သည်။ သူ့၏ခန္ဓာကိုယ်မှာ ​အေးခဲသွားသည့်အလား မလှုပ်​ရှားတော့​ပေ။ သူ၏နှလုံးသားသည် ခုန်​နေ​သေး​ကြောင်းကို ထိန်းချုပ်မ​ရ​အောင်တုန်ခါ​နေသည့် တစ်ခုတည်း​သောအရာက သက်သေပြ​​နေ​ပေသည်။

သူ့၏အသားအ​ရေ၊ သူ့၏အ​သွေးအသား၊ သူ့၏မှတ်ဉာဏ်တို့သည်၊ မီး​တောက်နှင့်နီးကပ်ခဲ့သည့်အချိန်တုန်းကခံစားချက်ကို ပြန်အမှတ်ရသွားခဲ့သည်။ ဓါးသွားက လည်​ချောင်းကို ရှပ်ထိသွားသလိုမျိုး၊ ချွန်ထက်သည့်မြှားက နားကို ခြစ်မိသွားသလိုမျိုး၊ သရဲတ​စ္ဆေက လက်​မောင်းကို လွဲ​ချော်သွားသလိုမျိုးပင်။ သူသည် ရန်ရိအား နောက်ဆုံး​မျှော်လင့်ချက်​ကောက်ရိုးမျှင်သကဲ့သို့ ​ပွေ့ဖက်ထားခဲ့သည်။ ဆယ့်ရှစ်နှစ်တိုင်တိုင် သူ ​တွေ့ကြုံခြင်းမရှိခဲ့သည့် လူ၏အပူချိန်သည် အိမ်မက်ဆိုးထဲတွင် သူ့အား သည်လိုလုံခြုံသည့်ခံစားချက်မျိုး ပေးစွမ်းဖို့ရန်မှာလုံ​လောက်​ပေသည်။

သူ လက်မလွှတ်လိုက်နိုင်​ပေ။ သူ လက်လွှတ်လိုက်သည်နှင့်၊ ပူ​လောင်​နေ​သည့် အသူတစ်ရာချောက်နက်ထဲသို့ ပြုတ်ကျသွားပြီး၊ ပြာအဖြစ်​သို့ လောင်ကျွမ်းသွားမည်ကို သူ​ ကြောက်ရွံ့မိသည်။

ရန်ရိသည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး၊ နူးညံ့သည့်​လေသံဖြင့် တိုးတိုး​လေး​ပြော​လိုက်သည် :

" ​ဒေါက်တာကုံး၊ ဘာမှမဖြစ်​တော့ဘူး။ ငါတို့က မီးနဲ့ အ​​ဝေးကြီးမှာ။ မီးက မင်းကို ထိခိုက်​အောင်မလုပ်နိုင်​တော့ပါဘူး။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now