Chapter 68

3.6K 645 34
                                    

[Unicode]

ကုံး​ဖေးလန်၏စကားတစ်ခွန်း​ကြောင့် အခန်းထဲရှိလူနှစ်​ယောက်မှာ ဦး​ရေပြားများ​​ပေါက်ကွဲထွက်​သွားရ​တော့သည်။

ကုံးရင့်ရှန်မှာ ရုတ်တရက် မျက်နှာပူစပ်စပ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ရန်ရိသည် မျက်နှာကိုတိတ်တိတ်က​လေးလွှဲလိုက်ပြီး၊ သေမတတ်အရယ်​​အောင့်ထားသည့် ချွီးယန်​ပေါအား မျက်ဖြူလှန်ပြလိုက်သည်။

ကုံးရင့်ရှန်သည် မျက်နှာကိုတင်းတင်းထားလျက် :

" ​ဆေးရုံမှာ ​အော်ကြီးဟစ်ကျယ်လုပ်​နေနဲ့။ "

" အစ်ကို၊ နင် ဘယ်လို​နေ​သေးလဲ ?"

" နင် ​ဆေးရုံကို ဘာလာလုပ်တာလဲ၊ ​ကျောင်းသွားမတက်ဘူးလား။ "

" ငါ ​ကျောင်းဆင်းမှလာတာ။ "

ကုံး​ဖေးလန်သည် ကုံးရင့်ရှန်အားကြည့်ရင်း စိတ်ပူစွာ​ပြော​လေသည်။

" နင် ဘယ်နားဒဏ်ရာရသွားတာလဲ ?သူတို့​ပြော​တော့ နင် အဆိပ်မိတာဆို။ "

သူ ရန်ရိဆီသို့လှည့်သွားပြီး၊

" ​ခေါင်း​ဆောင်ရန်၊ ရှင်လည်း အဆိပ်မိတာလား ?"

ရန်ရိသည် ​ချောင်းအသာဟန့်လိုက်ပြီး :

" ဟိုတစ်​ခေါက်တုန်းက မင်းနဲ့အတူတူပဲ၊ Carbon monoxide ရှူမိသွားတာ။ ​လေး-ငါးရက်​လောက်ဆို​ကောင်းသွားပါပြီ။ "

ကုံး​ဖေးလန်သည် သက်သာရာရသွားပြီး :

" ကျွန်မက လိုင်း​​ပေါ်က​တွေ့တာ၊ ဘယ်သူမှ ကျွန်မကို မ​ပြောပြကြဘူး။ ကျွန်မကြည့်လိုက်​တော့ မ​တော်တဆဖြစ်တာက ဟုန်ဝူ​ဆေးရုံဆို​တော့ ရှင်တို့ ​သေချာ​ပေါက်ရှိမယ်မှန်းသိလိုက်တယ်။ "

" စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး။ "

ကုံး​ဖေးလန်သည် ကုံးရင့်ရှန်အား အ​သေးစိတ်တစ်ချက်အကဲခတ်ကြည့်လိုက်ပြီး၊ အသံတိုးတိုး​လေးနှင့်​ပြော​လေသည် :

" နင် ​ဆေးရုံတက်ရတာ​ကို​တောင် ငါ့မ​ပြောဘူး၊ ငါ နင့်ကို အရမ်းစိတ်ပူ​နေတာ။ "

ကုံးရင့်ရှန်၏​အမူအရာမှာ အနည်းငယ်​နူးညံ့သွားပြီး :

" နင့်ကို ​ပြောပြလည်း ဘာမှအသုံးမဝင်ဘူး၊ နင်စာ​လေ့လာတာကို​တောင် ထိခိုက်ဦးမယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now