Chapter 147

4.7K 551 45
                                    

[Unicode]

ကုံးရင့်ရှန် ပြင်ဆင်၍ပြီး​သော်၊ စက်ခန်းထဲသို့ စိမ့်ဝင်လာသည့် ammonia များကို ရန်ရိသည် မီးသတ်ပိုက်နှင့် စ​ဖျော်​တော့သည်။ Ammonia ပမာဏသာ နည်း​နေမည်ဆိုလျှင် မီးပွားတစ်စက်​လောက်က​လေး​လောက်က​တော့ အန္တရာယ်မများနိုင်​ချေ။

မီးသတ်​​ဆေးဘူးနှစ်ဘူးဖြန်းပြီး​၊ ရန်ရိမှာ စိတ်မချ​သေးသဖြင့် mask ကို ချွတ်ကာ လူ့အ​ရေပြားဖြင့် ammonia ပမာဏကို စမ်းကြည့်ကြည့်လိုက်သည်။ အနည်းငယ် မွန်းကြပ်ပြီး စူး​သော်လည်း၊ သို့​သော် ပမာဏမှာ အရမ်းမမြင့်​​နေချေ။

ကုံးရင့်ရှန်သည် အလွယ်ကိရိယာများကို တံခါးဘက်သို့ ​ရွှေ့လိုက်ပြီး wire ကို ရန်ရိအား ​ပေးကာ:

" ငါ ဖွင့်လို့​ပြောရင် မင်း ဖွင့်လိုက်။ အသက်မ​အောင့်နိုင်​တော့ရင် ငါနဲ့လာလဲ။ "

ရန်ရိ :

" ကိစ္စမရှိဘူး၊ ကြိုးစားပြီး ရှူလို့ရတယ်။ "

ကုံးရင့်ရှန်သည် ရန်ရိအား မျက်​မှောင်တစ်ချက်ကြုတ်ကြည့်လိုက်သည်။ ရင်နာရ​သော်လည်း ယခုအချိန်တွင် အတတ်နိုင်ဆုံးအမြန်ဖျက်ဖွင့်ရမည်ကို သူ သိ​သဖြင့် ပြောလိုက်သည် :

" ဖွင့်။ "

ရန်ရိသည် wire ကြိုးနှစ်ကြိုးကို တစ်ကြိုးတည်းဖြစ်​အောင်လိမ်လိုက်ပြီး mains နှင့် ဆက်လိုက်​​တော့သည်။

ကုံးရင့်ရှန်လက်ထဲက heating wire က စပြီး မီးပွားထွက်လာ​ခဲ့သည်။ ဤအလွယ်လျှပ်စစ်ဖြတ်စက်၏နိယာမမှာ resistance ကို အသုံးချပြီး ကြီးမားသည့်လျှပ်စစ်စီး​ကြောင်းကို ထုတ်လုပ်ခြင်းပင်။ အဆက်မပြတ်ထုတ်လွှတ်​နေသည့် မြင့်မားသည့်အပူချိန်က သတ္တုကို အရည်ပျော်​စေ​လေသည်။ သို့​သော် လက်ရှိ,ရှိအရာမှာ အကန့်အသတ်ရှိသည့်ကိရိယာများဖြင့် ပြုလုပ်ထားသည့်အတွက်​​ကြောင့် လုပ်​ဆောင်နိုင်စွမ်းမှာ အလွန့်ကို ​သေးငယ်ပေသည်။ ပလတ်စတစ်ကဲ့​သို့သောအရာများကို ဖျက်လျှင်​​တော့ ရနိုင်​ပေသည်။ ၄င်း၏အစွန်းက အ​ရှေ့ရှိအလူမီနီယမ်သတ္တုစပ်တံခါးကို ထိလိုက်သည့်အခါတိုင်း ဆန်​စေ့​မျှသာနက်သည့်အ​ပေါက်ငယ်​လေးကိုသာ ​​ဖောက်နိုင်​လေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now