Chapter 25

4.8K 812 56
                                    

[Unicode]

ဝမ့်ယွမ်ရပ်ကွက်မှ မီး​သည် ညရှစ်နာရီ​​လောက်မှ ငြှိမ်းသတ်နိုင်ခဲ့​လေသည်။

အိုက်ရှင်း​ချောင်တပ်ဖွဲ့၏တပ်သား ကျိုးယင်း၏အ​လောင်းကို သယ်ထုတ်လာ​သောအခါ၊ အခင်း​နေရာတွင် ဝမ်းနည်းစွာငို​ကြွေးသံများ​သည် ဆူညံ့လာခဲ့​လေသည်။ ခုနတုန်းက မီးငြှိမ်းသတ်ရာတွင်ပါဝင်ခဲ့ကြသည့်တပ်သားများသည် တစ်ဖက်တစ်ချက်ဆီတွင်ရပ်လိုက်ကြပြီး၊ မိမိတို့၏ရဲ​ဘော်ကို မျက်နှာတစ်ပြင်လုံးညစ်​ပေ​နေကာ ပင်ပန်းနွမ်းနယ်မှုများ တစ်ကိုယ်လုံးအပြည့်နှင့် ကြည့်​နေခဲ့ကြသည်။

ဟုန်ဝူတပ်ဆွယ်၏ တပ်ဆွယ်​ခေါင်း​ဆောင်ချန်​ရှောင်​ဖေးနှင့်အတူ နိုင်ငံ​ရေးပါတီ​ကော်မတီများ၊ ဒု-တပ်ဆွယ်​​ခေါင်းဆောင်စသည်တို့သည် သတင်းကြား၍ အခင်း​နေရာသို့ အမြန်​​ရောက်လာခဲ့ကြ​လေသည်။

ချန်​ရှောင်​ဖေးသည် အားမာန်အပြည့်နှင့်​အော်လိုက်သည် :

" အ​လေးပြု-- "

တပ်သားများသည် ညာလက်ကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြသည်။ တစ်ချိန်တည်း၌ အခင်းနေရာရှိ မီးသတ်ကားကိုးစီးတို့သည် ဥဩဆွဲကြ​လေသည်။ ဝမ်းနည်းပူ​ဆွေးသံများသည် ဤ​ဖျော့​တော့နေသည့်ည​အလင်းရောင်ကို ပို၍မှုန်မှိုင်း​စေခဲ့​လေသည်။

အခင်းနေရာကို ရှင်းလင်းရန်အတွက် ​ချန်​ရှောင်​ဖေးသည် တစ်ခြားတပ်ဖွဲ့ကို လွှဲ​ပြောင်း​ပေးလိုက်ပြီး၊ မီးပါဝင်ငြှိမ်းသတ်ခဲ့သည့်တပ်သားများအားလုံးကို ပြန်ပြီး အနားယူ​စေခဲ့သည်။

မီးသတ်ကားများသည် တစ်စီးပြီးတစ်စီး ​မောင်းထွက်သွား​လေသည်။ ရန်ရိသည် ထွက်ခွာရန် ​လောမ​နေဘဲ၊ ချန်​ရှောင်​ဖေးအနားသို့ သွားလိုက်သည် :

"​ ခေါင်း​ဆောင်ချန်။ "

ချန်​ရှောင်​ဖေးသည် ​ခေါင်းညိတ်ပြလိုက်ပြီး :

" ပင်ပန်းသွားပြီ။ "

ရန်ရိသည် ချန်​ရှောင်​ဖေး၏မျက်လုံးကို ကြည့်ရင်း :

" ​ခေါင်း​ဆောင်ချန်၊ အရာရှိချုပ်ရွှီနဲ့ခေါင်း​ဆောင်ချန်တို့ရဲ့ ညွှန်ကြားချက်က ပြဿနာမရှိပါဘူး။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now