Chapter 121

4.8K 777 37
                                    

[Unicode]

ရန်ရိသည် အ​ရှေ့ဘက်ရှိ မီး​လောင်ထားသည့်အပျက်အစီးများကို ကြည့်ရင်း အ​တော်ကြာကြာအသက်ရှူဖို့ ​မေ့​နေခဲ့သည်။ ဤကဲ့သို့သောအ​ခြေအ​နေမျိုးတွင် မည်သူမဆို ဖိစီးမှုကိုခံစားရ​တတ်လေသည်။

ကုံးရင့်ရှန်သည် ​ခြေစွပ်နှင့်လက်အိတ်ကို သူ့အား ​ပေးလိုက်ပြီး :

" သွားပြီးကြည့်ကြည့်ရ​အောင်။ "

ရန်ရိ ဝတ်လိုက်ပြီး​နောက်တွင် တစ်လှမ်းချင်းတစ်လှမ်းချင်း ​လျှောက်သွား​​တော့သည်။

ဤအထဲတွင် တားမြစ်လိုင်းများနှင့် သက်​သေပစ္စည်းအမှတ်အသားများ အများကြီးရှိ​​ပေသည်။ ရန်ရိသည် ဓါတ်ပုံကို ကြည့်ရင်းဖြင့် အခင်း​နေရာ၏အ​ခြေအ​နေကို အ​ခြေခံကာ သက်​သေပစ္စည်းတချို့ကို မူလ​နေရာတွင် ပြန်ထားကြည့်​နေခဲ့သည်။

အမျိုးမျိုး​သောမီး​လောင်အမှတ်အသားများကို လိုက်ပြီး ရန်ရိသည် အခင်း​နေရာကို အကြမ်းဖျင်းတစ်​ခေါက် အရင်စိစစ်လိုက်သည်။ ဤသည်မှာ အလွန့်ကိုရိုးရှင်းသည့် မီး​လောင်ပြင်တစ်ခုဖြစ်သည်။ ဓါတ်ဆီ--မီး​ညှိ--မီး​လောင်။ မီးစ​လောင်မှတ်၊ မီးအကူပစ္စည်း၊ ပျံ့နှံ့သည့်ဦးတည်ချက်စသည့်​ အဓိကချက်တို့ကလည်း အလွန့်ကိုရှင်းလင်း​ပေသည်။ အကုန်လုံးမှာ မီးစုံစမ်းစစ်​ဆေး​ရေးဌာန၏အစီရင်ခံစာနှင့် ဘာကွာခြားချက်မှမရှိ​​ချေ။

ရန်ရိသည် အနည်းငယ်စိတ်ပျက်စွာဖြင့် မီးစ​လောင်သည့်​နေရာတွင် မတ်ရပ်​၍ ​ငေးငိုင်​နေခဲ့သည်။

ကုံးရင့်ရှန်သည် သူ့အနားသို့​ လျှောက်လာခဲ့ပြီး :

" ဘယ်လို​​လဲ၊ တစ်ခုခု​တွေ့တာရှိလား ?"

ရန်ရိ ​ခေါင်းခါပြလိုက်ပြီး၊ အ​လျှော့မ​ပေးစွာဖြင့် ​ပြောလိုက်သည် :

" ငါ ​နောက်တစ်​ခေါက်ထပ်ကြည့်ဦးမယ်။ "

ရန်ရိသည် အခင်း​နေရာကို အလွန်​သေချာစွာ တစ်​ခေါက်ထပ်စစ်​ဆေးကြည့်လိုက်သည်။​ လောင်ထားသည့်အဝတ်ပုံ​တစ်ပုံအောက်တွင် အနည်းငယ်ထူးဆန်းသည့်အမှတ်အသားတစ်ခုကို သူ ​တွေ့သွား​လေသည်။ ၄င်းမှာ ​လက်ဖဝါး​လောက်ကြီးသည့် လေး​ထောင်မကျတကျ မီး​လောင်​အမှတ်တစ်ခုသာဖြစ်သည်။ ဤသည်မှာ တွေ့ဖို့အလွန်ခက်ခဲသည့်အမှတ်အသားတစ်ခုဖြစ်​လေသည်။ တစ်အချက်က ၄င်းသည် အဝတ်ပုံ​အောက်တွင် ရှိ​နေ​ခြင်းကြောင့်ဖြစ်သည်။ နှစ်အချက်က ၄င်းသည် မီး​လောင်လွယ်သည့်ပစ္စည်း၏​အောက်တွင် အဖုံးခံထားရ​သော​ကြောင့်ဖြစ်သည်။ မီးအကူပစ္စည်း သွားခဲ့ဖူးသည့်​နေရာတိုင်းသည် အလွန့်ကိုသိသာ​သော​ကြောင့် ၄င်းသည် အလွန့်ကိုသိသိသာသာတိမ်​​နေလေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now