Chapter 91

3.4K 591 84
                                    

[Unicode]

ကား​ပေါ်သို့​ရောက်သော်၊ ကုံးရင့်ရှန်၏မျက်နှာသည် ပင်ပန်းနွမ်းနယ်မှုများနှင့်ပြည့်နှက်​နေပြီး၊ မျက်လုံး​အောက်ဘက်တွင်လည်း စိမ်းဖန့်ဖန့်အရိပ်​လေးရှိ​နေ​ကြောင်းကို ရန်ရိ​တွေ့လိုက်သည်။

ရန်ရိသည် မျက်​မှောင်ကြုတ်ကာ​ပြောလိုက်သည် :

“ မင်း အမှုဖြစ်ပြီးကတည်းကအခုထိ အိပ်​ရောအိပ်ပြီးရဲ့လား ?”

“ ခဏ​မှေးထားတယ်။ ”

ကုံးရင့်ရှန်သည် သိပ်အ​ရေးမစိုက်စွာဖြင့် ပြောလိုက်သည်။ ​ဖျော်​ဖြေပွဲတွင် ဖြစ်ပျက်ခဲ့သည့်——ကျစ်ယန့်၏ကိစ္စဖြစ်​​စေ၊ ရန်ရိ၏ကိစ္စဖြစ်​​​စေ——အကုန်လုံးသည် သူ့အား အိပ်​ပျော်ဖို့ရန်ခက်ခဲ​စေခဲ့သည်။ ထို့​ကြောင့် သူသည် ယခုအချိန်အထိ အလုပ်ကို မနားစတမ်းလုပ်​နေခဲ့ခြင်းဖြစ်သည်။

“ ငါ ​မောင်း​ပေးမယ်​လေ။ ဘာပဲဖြစ်ဖြစ် ငါက ခဏ​လောက်​တော့အိပ်ထား​သေးတယ်။ ”

နှစ်​ယောက်သား ​နေရာလဲလိုက်ကြပြီး၊ ရန်ရိသည် ​မြောင်​မြောင်ကို ကုံးရင့်ရှန်၏ကိုယ်​ပေါ်သို့ တင်ပေးလိုက်သည်။

“ မင်းလည်း ခဏ​လောက်အိပ်လိုက်ပါ။ ”

“ အိပ်မ​ပျော်ဘူး။ ”

ကုံးရင့်ရှန်သည် ​မြောင်​မြောင်ကို ပွတ်​ပေးရင်း၊

“ သူ နည်းနည်း​လေးထွားလာပြီ။ ”

“ ​နေ့တိုင်းစား​နေ​မှတော့ ​သေချာ​ပေါက် ထွားလာတာပေါ့။ ”

ရန်ရိက ​ပြောသည်၊

“ ထိုင်ခုံကိုချလိုက်၊ နည်းနည်း​လောက်ဖြစ်ဖြစ် ခဏနား​လိုက်။ ​ကောင်း​ကောင်းအိပ်မထားရင် စဥ်းစားနိုင်စွမ်းကို ထိခိုက်လိမ့်မယ်။ ”

ကုံးရင့်ရှန်သည် ထိုင်ခုံကိုချလိုက်ပြီး၊ ခါးကို နည်းနည်း​လေးဆန့်လိုက်သည်။ ထို့​နောက်၊ ကုတ်အင်္ကျီဇစ်ကို ဆွဲဖွင့်လိုက်ပြီး၊ ​မြော​င်မြောင်ကို ရင်ခွင်ထဲသို့ထည့်လိုက်သည်။

​မြောင်မြောင်သည် ​ခေါင်း​သေးသ​လေးဆန့်ထုတ်ကာ၊ ​​ညှောင် ဟုတစ်ချက်​အော်လိုက်ပြီး၊ ကုံးရင့်ရှန်၏ကိုယ်​​ပေါ်တွင် လိမ်လိမ်မာမာနှင့်ဝမ်းလျားမှောက်လိုက်သည်။ ခန္ဓာကိုယ်ကို ​ကောင်း​ကောင်း​ကွေးလိုက်ပြီး ဆက်အိပ်ရန်ပြင်လေသည်။ ဤကဲ့သို့​သော​ နွေး​ထွေးသည့်ထုပ်ပိုး​ပေးထားမှုကို အလွန်သ​ဘောကျ​နေ​ကြောင်း သိသာ​ပေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now