Chapter 47

3.9K 729 107
                                    

[Unicode]

ကုံးရင့်ရှန်သည် မျက်လုံးတစ်ဝက်​မှေးစင်းထားခဲ့သည်။ အသိစိတ်ကင်း​မဲ့စွာကြည့်​နေသည့်ကုံးရင့်ရှန်မှာ ယခုဖြစ်ပျက်​နေသည်ကို နည်းနည်း​လေး​တောင်မှ သတိမထားမိသည့်ပုံပင်။

ရန်ရိ၏မျက်နှာသည် ကမ္ဘာ​မြေကြီးအတွင်းမှအပူအလား ပူတက်လာခဲ့သည်။ သူ့၏နှလုံးသားသည် မရပ်မနားဒုန်းဆိုင်းခုန်​နေခဲ့ပြီး၊ ခန္ဓာကိုယ်မှာလည်း ပူပြင်းခြောက်​သွေ့လာခဲ့လာသည်။ ကုံးရင့်ရှန်၏ မသပ်မရပ်နှင့်ချွေးစို​​နေသည့် ထိုဆံမြိတ်များ၊ အရက်မူးပြီးရီ​ဝေ​ဝေဖြစ်​နေသည့် ထိုမျက်လုံးများ၊ ထိုအနီရင့်ရောင်နှုတ်ခမ်းဖူးဖူး​လေးတစ်စုံတို့မှာ ပုံမှန်​အေးစက်စက်အချိန်များနှင့် များစွာကွဲပြား​နေပြီး၊ ဆွဲ​ဆောင်မှုတို့နှင့်ပြည့်နှက်လို့​​နေလေ​သည်။

ရန်ရိမှာ မိမိခန္ဓာကိုယ်၏​ပြောင်းလဲမှုကို သတိပြုမိသွားမည်ကိုကြောက်ရွံ့ပြီး၊ အ​​လောတကြီးကုန်းရုန်းထချင်​နေခဲ့​သော်ငြားလည်း၊ ကုံးရင့်ရှန်မှာမူ သူ့၏လက်​မောင်းကို ဖမ်းဆုပ်လိုက်ပြီး၊ ခန္ဓာကိုယ်အ​လေးချိန်နှင့် သူ့အား ဖိထားကာ၊ ​ဝေဝါး​နေသည့်အကြည့်မျိုးဖြင့် သူအား ကြည့်နေ​ခဲ့သည်။

ရန်ရိမှာ အသက်​တောင်ပြင်းပြင်း​မရှူရဲ​တော့​ချေ။

" မင်း...... "

ကုံးရင့်ရှန်သည် အသံတိုးတိုး​လေးနှင့်ပြော​လိုက်သည်၊

" ဘာလို့......ဒီ​လောက်​တောင် အနားကပ်​နေရတာလဲ။ "

" ......အရမ်းနီးတာကို မကြိုက်ရင်၊ မင်း ငါ့ကို လွှတ်​ပေးလိုက်လေကွာ။ "

ရန်ရိသည် ကုံးရင့်ရှန်၏လက်​ချောင်းများကို ခွာထုတ်ပစ်ချင်​ခဲ့သည်။ သို့​သော်၊ သည်လူမှာ အရက်မူး​နေ​သည်ဆို​သော်ငြားလည်း၊ အားအင်မှာ ​လျော့နည်းမသွား​ခဲ့ပေ။

" မင်းရဲ့နာမည်က။ "

ကုံးရင့်ရှန်သည် ရန်ရိကိုယ်​ပေါ်တွင် ကြောင်တစ်​ကောင်နှယ်ဝမ်းလျား​မှောက်​နေ​နေပြီး၊ ခါးတစ်ချက်ဆန့်လိုက်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now