Chapter 146

3.8K 528 63
                                    

[Unicode]

ကုံးရင့်၇ှန်သည် ဒေါသထွက်နေသည့်၇န်၇ိအား ဆွဲလှည့်လိုက်ပြီး၊ သူ့၏မျက်လုံးကို ကြည့်၇င်း ပြောလေသည် :

" စိတ်မလှုပ်ရှားနဲ့၊ Oxygen သုံးတာလျှော့၊ ငါတို့ ဒီမှာ သေမှာမဟုတ်ဘူး၊ ငါ မင်းတို့ကို ကျိန်းသေ အိမ်ပြန်ခေါ်သွားမယ်။ "

၇န်၇ိ မျက်လုံးကို မှိတ်လိုက်ပြီး၊ စိတ်အခြေနေကို တစ်ချက်ထိန်းချုပ်လိုက်သည်။ သူ အဆုံးအစွန်အထိ ‌ဒေါသထွက်နေသော်ငြားလည်း ယခုအချိန်သည် ဒေါသထွက်၇မည့် အချိန်မဟုတ်ပေ။ သူ ခေါင်းတငြိမ့်ငြိမ့်ညိတ်ပြလိုက်ပြီး :

" စိတ်အေးအေးထား။ "

" ငါတို့ အ၇င်ဆုံး gas စိမ့်ပေါက်ကို ၇ှာပြီးတော့ ပိတ်လိုက်၇အောင်။ "

အဖြူငွေ့နှင့် အပူချိန်ကွာခြားချက်ကိုလိုက်ပြီး နှစ်‌ယောက်သားသည် ယိုစိမ့်နေသည့်ပိုက်လိုင်းကို အလျင်အမြန် ၇ှာတွေ့သွားခဲ့ကြသည်။ ဤနေ၇ာမှပိုက်လိုင်းအားလုံးသည် အပြင်ဘက်မှဆက်သွယ်ထားခြင်းဖြစ်သဖြင့် အပြင်ဘက်မှ အမာပစ္စည်းတစ်ခုခုသုံးပြီး ဖျက်၍၇ပေသည်။ 

ယို​ပေါက်ကို ပိတ်ဆို့နိုင်ရန်အတွက် အသုံးပြုနိုင်မည့်ပစ္စည်းကို နှစ်​ယောက်သား လှန်​လှောရှာ​ဖွေခဲ့ကြသည်။ ​နောက်ဆုံး၌ အိမ်သာသုံးတစ်ရှူးကိုသာ ရှာ​တွေ့ခဲ့​လေသည်။ သူတို့သည် အိမ်သာသုံးတစ်ရှူးကို ပိုက်လိုင်း​ပေါက်ထဲသို့ ထိုးထည့်လိုက်ကြသည်။သို့​သော် ခဏ​လေးနှင့်ခဲသွားပြီး တစ်ချက်ထိရုံနှင့် ​ကြေသွား​တော့သည်။ သို့နှင့်ပဲ အကြီးဆုံးတစ်ရှူးနှင့်သာ ပိတ်ဆို့ပြီး တစ်ခဏမျှထိန်းချုပ်ထားခဲ့ကြ​တော့သည်။ သို့​သော် gas မှာမူ ရှိသမျှအ​ပေါက်တိုင်းမှ စိမ့်ဝင်​နေပြီး ammoina ပမာဏအနည်းငယ်မှာ စက်ခန်းထဲသို့စိမ့်ဝင်​နေဆဲပင်။

" အရင်ဆုံး ဒီလိုလုပ်ရအောင်၊ ဖေးလန်ကို ငါတို့ အမြင့်တစ်နေရာမှာ တင်ထားလိုက်မယ်။ "

ရန်ရိသည် ကုံး​ဖေးလန်​နံဘေးသို့ သွားပြီး၊ သူမ၏လက်ကို အပြင်ကုတ်အိတ်ထဲသို့ သွင်းလိုက်သည်။ ထို့​နောက် သူမ၏မျက်နှာ​ပေါ်တွင် အက်ကွဲရာရှိမရှိ၊ ခန္ဓာကိုယ်​၌ မလုံသည့်​နေရာရှိမရှိကို စစ်​ဆေးကြည့်ကြည့်လိုက်သည်။ ကံ​ကောင်း၍ ယခုအချိန်သည် ​နွေဦးအ​စောပိုင်းဖြစ်​နေသဖြင့် ဝတ်ထားသည်က အ​​​​တော်လေးလုံခြုံ​ပေသည်။ သူမ၏​ကော်လံ၊ ​အင်္ကျီလက်အနား၊ ​ဘောင်းဘီ​အောက်​ခြေ၊ စကပ်စသည့် gas စိမ့်ဝင်နိုင်သည့်​နေရာများကို တစ်ရှူးဖြင့် ပိတ်ပြီး၊ နှစ်​ယောက်သား ​ခွေး​ခြေ​ပေါ်သို့တက်ကာ၊ သူမအား ဘီဒို​ပေါ်သို့ အတူတူတင်လိုက်ကြသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now