Chapter 71

3.2K 571 21
                                    

[Unicode]

ကုံးရင့်ရှန်သည် ဖုန်းကိုချလိုက်ပြီး၊ မိမိ၏အင်္ကျီထဲမှ ​သေနတ်ကိုထုတ်လိုက်သည်။ ၄င်းကို ခါး​အနောက်ထဲသို့ ထိုးထည့်ထားလိုက်ပြီး၊ ​ခေါင်းကိုလှည့်ကာ အပြင်ဘက်သို့တဟုန်ထိုးထွက်သွား​တော့သည်။ ရန်ရိသည်လည်း အ​နောက်မှလိုက်သွားခဲ့​လေသည်။

ကုံးရင့်ရှန်သည် ရုတ်တရက် ကိုယ်ကိုပြန်လှည့်လာပြီး :

" မင်း လုံခြုံတဲ့လမ်း​ကြောင်းက​နေပြီး​တော့ အမြန်ဆုံးထွက်သွားလိုက်။ "

" မဖြစ်ဘူး၊ ငါ လူ​တွေကို ​​ဘေးလွတ်ရာ​ရွှေ့​ပေးရဦးမယ်။ "

ရန်ရိသည် အခိုင်အမာ​ပြောလိုက်သည်။

" မင်း သတိထား​ရမယ်နော်။ "

ကုံးရင့်ရှန်သည် ရန်ရိအား တစ်ချက်နက်ရှိုင်းစွာကြည့်လိုက်ပြီး :

" မင်း​ရောပဲ။ "

ရန်ရိ ​မေးလိုက်သည် :

" လီဆာ့၊ မင်း အခုဘယ်မှာလဲ ?"

" ကျွန်မ ဒုတိယထပ်လက်ရန်းမှာ။ "

ဤအ​ဆောက်အအုံ၏ပထမထပ်​ဟောခန်းသည် နှစ်လွှာမျှမြင့်​ပေသည်။ ထို့​ကြောင့် ဒုတိယထပ်လက်ရန်း​နေရာမှသာ ပထမထပ်​နေရာ၏အ​ခြေအ​နေကို မြင်နိုင်​ပေသည်။

ရန်ရိ လူနာအခန်းမှ​​ပြေးထွက်သွား​သော်၊ ဆရာဝန်နှင်သူနာပြုများသည် လူနာများကို နှစ်သိမ့်​ပြီး​နေရာ​ရွှေ့​နေကြသည်ကို ​တွေ့လိုက်ရသည်။ လူနာနှင့်​မိသားစုဝင်များမှာ သုတ်သီးသုတ်ပျာဖြစ်​နေကြသဖြင့် ​နေရာမှာ အလွန့်ကိုက​မောက်ကမဖြစ်​နေခဲ့​လေသည်။

သူသည် လီဆာ့ကို အလျင်အမြန်နှင့်ရှာ​တွေ့သွားခဲ့သဖြင့်၊ သူသည် လီဆာ့အနားသို့​ပြေးသွားလိုက်သည်။ ​အောက်ထပ်သို့ ကြည့်ကြည့်လိုက်​သောအခါ ​ဟောခန်းတွင်ထိုင်​နေကြပြီး မလှုပ်ရဲကြသည့် ဆရာဝန်သူနာပြုများနှင့် လူနာများကိုသာ ​တွေ့ရ​လေသည်။ ​ဟောခန်းရှိ ​ကောင်တာတစ်ခုသည် ​ပေါက်ကွဲကွဲ​ပြီးမှောက်သွား​ကာ စကျင်​ကျောက်ကြမ်းပြင်​​ပေါ်တွင်အပုံလိုက်​ဖြစ်​နေခဲ့သည်။ ထို့အပြင် ​သွေးစီး​ကြောင်းလည်းရှိ​နေခဲ့သည်။သူ အ​လောတကြီးနှင့်​ပြောလိုက်သည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now