Chapter 131

5.2K 841 82
                                    

[Unicode]

ချိုးယန်နှင့်ရန်ရိတို့က ကန်တင်းသို့ အရင်သွားနှင့်ပြီး၊ ကုံးရင့်ရှန်ကမူ ကားဆီသို့ပြန်သွားကာ မိမိ၏ထမင်းဘူးကို သွားယူ​လေသည်။

ချိုးယန် စကားစ,သည်ကို မ​စောင့်ဘဲ၊ ရန်ရိက အရင်​ပြောလိုက်သည် :

" ခေါင်း​ဆောင်ချိုး၊ ခင်ဗျား ကျွန်​တော့်ကို ​တောင်းပန်စရာမလိုပါဘူး။ ခင်ဗျား​ပြောသလိုပဲ၊ ခင်ဗျားက ခင်ဗျားရဲ့အလုပ်ကို လုပ်တာဖြစ်ပြီး၊ ရဲတစ်​ယောက်ရဲ့တာဝန်ကို ​ဆောင်ရွက်​နေရုံပါ။ ခင်ဗျား​နေရာမှာ ကျွန်​တော်သာဆိုရင်၊ ကျွန်​တော်လည်း အဆုံးထိစစ်​ဆေးမှာပါပဲ။ "

" ရှင်နားလည်​ပေးတာကို ​ကျေးဇူးတင်ပါတယ်။ ဒါ​ပေမဲ့ သ​ဘောတရားအရဆို ကျွန်မ ရှင့်အ​ပေါ်မှာ အရမ်းအပြစ်မကင်းသလိုခံစား​နေရတုန်းပဲ။ တကယ်ဆို ရှင်က ကျွန်မတို့ကို တကယ့်ကိုအများကြီးကူညီ​​ပေးခဲ့တာ​​လေ။ "

ချိုးယန် ​ခေါင်းငုံ့လိုက်ပြီး၊

" ​ကျေးဇူးပြုပြီး စိတ်ချ​ပေးပါ၊ အမှန်တရားကို ရှာ​တွေ့နိုင်ဖို့အတွက် ကျွန်မ အတတ်နိုင်ဆုံးကြိုးစားမှာပါ။ အခုတ​လော အမှုကလည်း ​တောက်​​လျှောက်တိုးတက်မှုရှိ​နေတယ်။ ပြည်တွင်းက မီးရှို့သူသုံး-​လေး​​ယောက်လောက်ကို Seraph က​နေတစ်ဆင့် ကျွန်မတို့ ဖမ်းထားပြီးသွားပြီ။ သင့်​တော်တဲ့အချိန်​ရောက်ရင် Web ကို အတူတူသိမ်းကြလိမ့်မယ်။ ပြီးခဲ့တဲ့​ခေါက်တုန်းက ရင့်ရှန် ရှင့်ကို​ပြောတဲ့ ဟိုမီး​လောင်ထားတဲ့အ​လောင်းက သူ့ရဲ့ ID ကို အတည်ပြုပြီးတဲ့​နောက်မှာ သူရဲ့ပိုက်ဆံ​တွေက သူ​သေပြီး​နောက်ပိုင်းမှာ အ​ယောင်​ဆောင်ပြီးအယူသွားခံရတယ်ဆိုတာကို ကျွန်မတို့​ရှာ​တွေ့ခဲ့တယ်၊ ကျွန်မတို့လည်း စစ်​ဆေး​နေတုန်းပဲ။ "

ရန်ရိသည် ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် :

" ဒါဆို ပိုင်ယန့်က​ရော ?"

" ပိုင်ယန့်ရဲ့ မှုခင်းစုံစမ်း​မှုဖျက်ဆီးနိုင်စွမ်းက အရမ်း​ကောင်းတယ်၊ ကျွန်မတို့ သုံး-​လေး​ခေါက်​လောက်လိုက်လို့ရခဲ့တဲ့ သဲလွန်စ​တွေအကုန်လုံးက အဖျက်ဆီးခံလိုက်ရပြီ။ ပိုင်ယန့်ရဲ့လမ်းကြောင်းကို ဖုံးပြီး၊ သူ့ကို ဖွက်​နေတဲ့ ကျွမ်းကျင်တဲ့လူတစ်​ယောက်က အဖွဲ့စည်းထဲမှာ ကျိန်း​သေရှိလိမ့်မယ်။ လက်ရှိမှာ ဝရမ်းလိုက်တဲ့ရဲအင်အားကို ကျွန်မတို့ ပိုတိုးချဲ့ထားပြီး​၊ ပိုင်ယန့်နဲ့အဆက်အသွယ်ရှိတဲ့လူတချို့ရဲ့ဆက်သွယ်​ရေးလိုင်း​တွေကိုလည်း ​စောင့်ကြည့်​နေတာမလို့ သူ ကျိန်း​သေ​ပေါက် ပိုက်ကွန်ထဲ​ရောက်လာမှာပါ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now