Chapter 94

3.8K 574 25
                                    

[Unicode]

အကြာကြီးတိတ်ဆိတ်​နေပြီးမှ ရန်ရိထပ်​ပြောလာသည် :

" ​မြေ​အောက်ခန်း​​ရော ?​​မြေ​အောက်ခန်းမှာ​ရော ငါတို့ကျန်နေတဲ့​နေရာမရှိဘူးလား။ "

" ​မြေ​အောက်ရဲ့တစ်ခုတည်း​သောထွက်​ပေါက်က ကားဂို​ဒေါင်တံခါးပဲ။ အမှုဖြစ်ပြီး​တဲ့နောက်မှာ ကားဂို​ဒေါင်တံခါးကပိတ်ထားတာ။ အကယ်၍ လူသတ်သမားက ​မြေ​အောက်က​နေထွက်သွားချင်တယ်ဆိုရင်၊ ကားဂို​ဒေါင်တံခါးကို အထဲက​နေဖွင့်ပြီး​​တော့ အပြင်က​နေပိတ်မယ်ဆိုရင်၊ remote control လိုတယ်။ "

ကုံးရင့်ရှန်သည် ဓါတ်ပုံတစ်ပုံကိုပြပြီး၊ နှစ်​ယောက်ကို ​ပေးကြည့်လိုက်သည်။

" ဒါက ငါ့အ​ဖေရဲ့​သော့။ "

ဓါတ်ပုံ​ပေါ်တွင် မည်း​နေသည့်​သော့တစ်တွဲပုံဖြစ်သည်။ သို့​သော် ဘဲဥပုံစံ remote control ​သော့ပုံကို​​တော့ မြင်နိုင်​သေး​ပေသည်။

" လက်ရှိမှာ​တော့ ခေါင်း​ဆောင်ရန်​ပြောထားတဲ့ခန့်မှန်းချက်က ဖြစ်နိုင်​ချေအမြင့်ဆုံးရှိ​နေတယ်။ "

ချိုးယန် စဥ်းစားကာ​ပြော​လိုက်သည်။

" မဟုတ်ခဲ့ဘူးဆိုရင်...... "

" မဟုတ်ခဲ့ဘူးဆိုရင် ဘာလဲ ?"

ရန်ရိ၏အကြည့်မှာ ပုံစံငယ်နှင့်ဓါတ်ပုံကြားတွင် သွားလိုက်လာလိုက်ဖြစ်​နေပြီး၊ ​ခေါင်းပင်မ​မော့ဘဲ ​မေးလိုက်ခြင်းဖြစ်သည်။

ချိုးယန်သည် ကုံးရင့်ရှန်နှင့်တစ်ချက်အကြည့်ချင်းဆုံလိုက်သည်။ ကုံးရင့်ရှန်က အသာ​လေး​ခေါင်းခါပြလိုက်သည်။ သူမက​ ​ပြောသည် :

" ဘာမှမဟုတ်ပါဘူး၊ လက်​တွေ့မဆန်ဘူး။ "

" လက်​တွေ့မဆန်တဲ့ခန့်မှန်းချက်က တကယ်ဖြစ်နိုင်​ချေရှိ​နေနိုင်တယ်။  အတူ​ဆွေး​နွေးရ​အောင်လို့ ​ပြောကြည့်လိုက်ပါလား။ "

ရန်ရိက ​ပြောသည်။

" ကျွန်​တော်ဆိုလည်း ကိုယ့်ရဲ့ခန့်မှန်းချက်ကို လက်​တွေ့ဆန်တယ်လို့ ဘယ်လိုမှမထင်ဘူး။ အနည်းဆုံး​တော့ လုံ​လောက်တဲ့သက်​သေအ​ထောက်အထားမရှိတဲ့အချိန်မှာ ဒီလိုမျိုးအကန့်အသတ်ရှိတဲ့အချက်အလက်​တွေထဲက မှီငြမ်းလို့ရမဲ့သက်​သေ​တွေကိုရှာ​တွေ့နိုင်ဖို့ကိုပဲ​မျှော်လင့်ရမှာပဲ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now