Chapter 104

4.1K 595 38
                                    

[Unicode]

ထိုပစ္စည်းကိုကြည့်ရသည်မှာ mercury နှင့်တူသည်--​ငွေဖြူ​ရောင်ရှိသည့် စေးကပ်ကပ်သတ္တုအရည်ဖြစ်​လေသည်။ Gas ပိုက်လိုင်း​ပေါ်တွင် ဘာ​ကြောင့် mercury ​လောင်းချထားရသလဲဆိုတာကို ရန်ရိလည်းမသိ​ပေ။ ခန့်မှန်း၍မရအောင် တမင်လုပ်ထားပြီး၊ အန္တရာယ်ရှိသည့်ရည်ရွယ်ချက်ပဲဖြစ်​ပေမည်။ စင်​ပေါ်က အဝတ်စကိုယူပြီး ​​အော်ပြောလိုက်သည် :

" ဂက်(စ်)အိုး valve ​တွေ အကုန်လုံးပိတ်ပြီးပြီလားဆိုတာကို တစ်ချက်စစ်​ဆေးကြည့်။ သုံး​နေတဲ့မီး​တွေ အကုန်ငြှိမ်းပစ်။ 119 ဆက်၊ အမြန် !"

​လေထုထဲတွင် gas နံ့​ဖျော့​ဖျော့​လေးကို သူတို့ရ​နေပြီဖြစ်သည်။ အ​နောက်ဖက်မီးဖိုခန်းတိုင်းက ဒီလိုမျိုးအနံ့သက်ရှိတာပဲလား၊ ဒါမှမဟုတ် စိမ့်ထွက်​နေတာလားဆိုတာကို မသိ​ချေ။ မည်သို့ပင်ဖြစ်​စေ၊ ရှိသမျှလူအကုန်လုံး၏အာရုံ​ကြောများသည် ​တောင့်တင်း​နေပြီဖြစ်သည်။ Valve ပိတ်ထားသည်ဆို​သော်လည်း ပိုက်လိုင်းထဲတွင် gas ​တွေအများကြီးကျန်​​နေသေးသဖြင့် မီး​တောက်နှင့်တွေ့လိုက်သည်နှင့် ​ပေါက်ကွဲနိုင်သည့်အန္တရာယ်ရှိ​ပေသည်။

စားဖိုမှူးသုံး-​လေး​ယောက်တို့သည် အသီးသီးလှုပ်ရှားကြ​တော့သည်။

ယန်ကြွယ်သည် စားဖိုမှူးလက်အိတ်ကိုဝတ်လိုက်ပြီး mercury တချို့ကို သတိထားပြီးသုတ်လိုက်သည်။ ထိုပိုက်လိုင်းနံရံ၏အ​ရောင်သည် ​ဘေးပတ်ပတ်လည်နှင့် သိသိသာသာကိုတူ​​,မနေကြောင်းကို ​တွေ့လိုက်ရသည်။ ထို့အပြင် အက်ကွဲ​ကြောင်းများ​လည်း ပေါ်​နေ​သေးသည်။ သူသည် ​လေးလံ​နေသည့်အသံဖြင့် ​ပြောလိုက်သည် :

" တိုက်စားသွားရမှာ ထင်တယ်၊ ​တော်​သေးတယ် ​​စောစော​တွေ့မိလို့။ "

နှစ်​ယောက်စလုံး တစ်ကိုယ်လုံး​အေးစက်​နေခဲ့သည်။ ကြီးမားလှသည့်​ကြောက်ရွံ့မှုသည် မမြင်နိုင်သည့်လက်တစ်​ချောင်းနှယ် လူတိုင်း၏နှလုံးသားကို မျက်စိတစ်မှိတ်အတွင်းတွင် တင်းကြပ်စွာဆုပ်ကိုင်သွားခဲ့​လေသည်။ အကယ်၍ ကုံးရင့်ရှန်သာ​ ရောက်မလာခဲ့ရင်၊ အကယ်၍ အဲ့ဒီသံသယဝင်စရာလူကိုသာ မ​တွေ့ခဲ့ရင်၊ အကယ်၍ ဒီ​နေရာမှာ gas က ယိုစိမ့်​နေခဲဲ့ပြီး မီးဖို​ချောင်ရဲ့​နေရာတိုင်း၊ အချိန်တိုင်းမှာသာ မီးသုံး​နေခဲ့မယ်ဆိုရင်၊ အကယ်၍......

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now