ရန်ရိသည် ရယ်ပြီး ပြောလာသည် :

" ကျွန်တော်တို့ အကြီးအကဲ ပြောတာကို နားထောင်ကြည့်တော့၊ အဲ့ဒီ့ တိုက်ပေါ်က ခုန်ချတဲ့အမှုက ပြောင်းပြန်ဖြစ်သွားတယ်ဆို?"

" ဟုတ်တယ်၊ အစတုန်းကတော့ သတ်သေတာလို့ ဆိုပြီး ကျုပ်တို့က အမှုပိတ်လိုက်တော့မလို့ပဲ၊ ဒါပေမဲ့ အခုတလော အခြေနေအသစ် ထပ်ပေါ်လာတယ်၊ စီပွားရေးကိစ္စတစ်ခုနဲ့ သက်ဆိုင်ဖို့များတယ်၊ အာ့ကြောင့် မင်းကို တစ်ချက်လောက်ကူပြီး စစ်ဆေးပေးစေချင်တာ၊ ပြောရရင် အဲ့အချိန်တုန်းက မြင်ကွင်းကို မင်းက ပိုပြီး နားလည်တယ်လေ။ "

ရန်ရိသည် ခေါင်းတညိတ်ညိတ်နှင့် :

" နက်နက်ရှိုင်းရှိုင်းကို စွဲနေတာ။ "

သူမှတ်မိသည်မှာ ၎င်းသည် သန်းခေါင်ယံည တစ်ညဖြစ်ပြီး၊ လူအများအိပ်မောကျနေကြသည့် လေးနာရီဝန်းကျင်လောက်တွင်၊ ရုတ်တရက်၊ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာခဲ့သည်။ ကလပ်မှ ပြန်လာကြသည့် လူငယ် လေး၊ ငါးယောက်သည် အိမ်အနီးရှိ အနောက်တိုင်းပုံစံတစ်ထပ်အိမ် ခြံဝင်း၏ သံဆူးချွန်အပေါ် တွင်၊ ထုတ်ချင်းပေါက်ထိုးမိနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သွေးစီးကြောင်းသည် အိမ်နီးချင်း၏ တံခါးဝအထိ ဆင်ခြေလျှောတစ်လျှောက် စီးဆင်းနေခဲ့သည်။

မီးသတ်ကားရောက်သွားသည့် အချိန်တွင်၊ ထိုလူသည် အသက်ရှိသေးသည်။ သူတို့သည် သံဆူးချွန်ကို ဖြတ်လိုက်ကြသည်၊ အရေးပေါ်ယာဉ်သည် သံဆူးချွန်ကို လူနဲ့တစ်ပါတည်း သယ်လာခဲ့ပြီး ဆေးရုံသို့ ပို့ပေးခဲ့သည်၊ သို့သော် ဆေးရုံတောင် မရောက်လိုက်ဘဲ အသက်ထွက်သွားခဲ့လေသည်။

သူတို့အားလုံးသည် ကိုယ့်ကိုယ်ကိုသတ်သေသည်ဟု ယူဆထားခဲ့ကြခြင်း ဖြစ်သည်၊ နှစ်လမျှ ကုန်လွန်သွားခဲ့ပြီးနောက်၊ မထင်မှတ်ဘဲ အမှုတွင် အပြောင်းအလဲရှိလာခဲ့သည်။

မီးသတ်နှင့် ရဲတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အမြဲဆိုသလို ဆက်သွယ်မှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် မတော်တဆမှု တော်တော်များများတွင် ပစ္စည်းဥစ္စာနှင့် လူများကို ကယ်တင်ရန်၊ အခင်းဖြစ်သည့်နေရာတွင် အမြဲဆိုသလို ဖြစ်တတ်သည့်၊ ရှောင်လွှဲ၍မရသည့် အဖျက်အဆီးများ၊ အထူးသဖြင့် မီးကြီးစွာလောင်ခြင်း စသည်တို့ကြောင့် မီးသတ်သည် အခင်းနေရာသို့ အရင်ဆုံး အမြန်သွားရသောကြောင့် ဖြစ်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now