64

6.7K 356 10
                                    

💌 Part - 64 💌
---------------

အိပ်ရာမှနိုးလာတော့ ဘေးနားကိုလက်ကစမ်းမိကာ အေးစက်သောမွေ့ယာခင်းကြောင့် သူ ထိတ်ခနဲဖြစ်သွားမိသည်။
မိုးမြေမရှိတော့ဘူးလား...
အတွေးဖြင့် ဆတ်ခနဲထထိုင်လိုက်မိကာ ဘေးနားကိုငုံ့ကြည့်မိတော့ မွေ့ရာ၏တစ်ဖက်အစွန်းမှာ ကွေးကွေးလေးအိပ်နေသော သူမကိုမြင်မှ သက်ပြင်းချလိုက်မိသည်။

"ဘာလို့ အဝေးကြီးသွားအိပ်နေတာလဲကွာ မင်းက"

မကျေမနပ်ဖြစ်သွားမိရင်း ကွေးကွေးကောက်ကောက်အိပ်နေသော မိုးမြေကိုယ်လေးကို ခါးလေးမှဆွဲယူလိုက်တော့ သူမကိုယ်လေးက ပျော့ခွေစွာပါလာသည်။
ပျင်းကြောဆွဲသံတိုးတိုးလေးနှင့်အတူ မိုးမြေမျက်နှာလေးရှုံ့မဲ့သွားတော့ သူပိုပြီးသဘောကျသွားကာ မျက်နှာကိုအုပ်နေသော ဆံပင်တွေကို ဆွဲဖယ်ပစ်လိုက်သည်။

"ဘာလဲ"

"ချစ်လို့"

မပွင့်ချင်ပွင့်ချင်ဖြင့် သူမမျက်လုံးလေးတွေပွင့်လာကာ ထိုပုံစံလေးဟာ အသည်းယားစရာကောင်းလွန်း၍ နှုတ်ခမ်းလေးကိုငုံ့နမ်းပစ်လိုက်သည်။
ထိုအခါကျတော့လည်း သူမကပြန်မရုန်းဘဲ သူ့ပခုံးတွေကိုသိုင်းဖက်လာပြီး ထိုအနေအထားအတိုင်း ပြန်အိပ်ဖို့ကြိုးစားနေပြန်သည်။

"ညတုန်းက အကြွေးရှိသေးတယ်မလား"

"အိပ်ဦးမယ်လို့"

"ထတော့ကွာ ၆နာရီတောင်ထိုးခါနီးနေပြီ"

ပြောပြောဆိုဆိုဖြင့် သူက မိုးမြေ၏ညဝတ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ချကာ ညှပ်ရိုးပေါ်ကိုဖိကပ်နမ်းရှိုက်လာသောကြောင့် သူ့မျက်နှာကို ပြန်တွန်းပစ်မိသည်။
ညကလည်း သိပ်အိပ်မပျော်သောကြောင့် အိပ်ရေးမဝသေးဘဲ သူထိတွေ့လာသည့်အခါမှာလည်း အိပ်ချင်စိတ်ဖြင့် စိတ်မပါနိုင်သေး။
သို့သော် ညဝတ်အင်္ကျီကို ချွတ်ယူလွှင့်ပစ်ကာ ရင်ဘတ်မို့မို့ပေါ် နမ်းလာအနမ်းချိုချိုတွေကြောင့် သူမ ရင်တွေခုန်လာမိပြန်၏။

"ထတော့ Babyရာ"

"နင်အမြဲတမ်းစိတ်ပါနေတာပဲ မုန်းစရာကြီး"

မိုးမြေခစားWhere stories live. Discover now