39

7.6K 283 9
                                    

💌 Part - 39 💌
---------------

"မိုးမြေ ငါ့ခြေအိတ်တွေရော"

"ဗီရိုအောက်ဆုံးက အံဆွဲထဲမှာ"

မီးပူထိုးနေရင်းမှ လှည့်မကြည့်ဘဲဖြေလိုက်တော့ သူသည် ဗီရိုရှိရာဆီသို့ထွက်သွားပုံရကာ ခဏအကြာမှာတော့ မိုးမြေ၏ခါးကိုပွေ့ဖက်လာ၏။
သူနဲ့နီးကပ်နေသည့်အချိန်တိုင်း အကောင်းစားရေမွှေးနံ့သင်းသင်းလေးနှင့်အတူ စီးကရက်နံ့ကိုပါရတတ်ကာ မိုးမြေသည် ထိုအနံ့လေးကို နှစ်ခြိုက်နေမိပြီဖြစ်သည်။
ဤအနံ့လေးဟာ သူ့ရဲ့သင်္ကေတလေးမဟုတ်လား...

"ချွေးတွေစို့နေပြီကွာ"

"ရပါတယ်"

"လက်တွေလည်းရဲနေပြီ"

မီးပူကိုင်ထားသော မိုးမြေလက်ကိုငုံ့ကြည့်ရင်း အကဲပိုစွာပြောလာတော့ သူမ နှာခေါင်းရှုံ့ပစ်လိုက်မိတော့သည်။
မိုးမြေဘဝဟာ အောက်ခြေကစခဲ့တာ သူအသိဆုံးဖြစ်သလို အခုမှမီးပူမကိုင်ဖူးသော ရွှေစံအိမ်မင်းသမီးလို ယုယနေပုံကအဆန်းသား...
ခစားသည် တကယ်အကဲပိုလွန်းသော Playboyကြီးဖြစ်ပါ၏။

"ခါတိုင်းလည်းငါလုပ်နေကျပဲကို"

"ဟုတ်ပါပြီ ဒီနေ့ဘယ်သွားစရာရှိလဲ"

"မရှိဘူး"

"မရှိရင်သင်တန်းသွားအပ်မယ်"

ထူးဆန်းသောစကားကြောင့် မိုးမြေ ဟင်ခနဲဖြစ်သွားပြီး သူ့ကိုမော့ကြည့်မိသောအခါ အမြဲလိုလိုစိုစွတ်နေတတ်သောသူ့နှုတ်ခမ်းပါးတွေက မိုးမြေပါးလေးပေါ်အိခနဲ။
သူ့အနမ်းကို ခဏခဏရနေပြီမို့ ရှက်မသွားတော့ဘဲ ကြည်နူးပြုံးလေးပြုံးမိကာ သူ့မေးဖျားကို အသာလေးဆွဲဖဲ့လိုက်၏။

"ဘာသင်တန်းလဲ"

"မင်းတက်ချင်တဲ့သင်တန်းလေ Level 3လား"

"ဟာ! လုပ်ပြန်ပြီ"

"လုပ်စမ်းပါ အသည်းလေးရာ မင်းဘဲကြီးကပိုက်ဆံတွေဝင်ပဲနေပြီး သုံးစရာမရှိတာမသိဘူးလား နော်?.. ငါ့ကိုအလိုလိုက်"

"အလိုလိုက်ရတာများနေပြီ"

"နေ့ဘက်ကတစ်ခု ညဘက်တစ်ခု"

"မရဘူး သွား.."

သူ့ရင်ဘတ်ကိုတံတောင်နှင့်တွက်ကာ ငြင်းမိပေမယ့် သူ့ဘက်ကဇာတ်လမ်းစလာလျှင်တော့ မိုးမြေခေါင်းညိတ်မိမှာသေချာသည်။
ပထမဆုံးအချစ်ဖြစ်သည့်အပြင် ပထမဆုံးသောအထိအတွေ့လည်း ဖြစ်သေးသောကြောင့် မိုးမြေသည် သူ့ကိုအလွန်ချစ်ရပါ၏။
အူရိုင်းလေးမို့ ရူးခါနေသည်ဆိုလျှင် ပိုမှန်မည်ထင်ပါသည်။

မိုးမြေခစားWhere stories live. Discover now