16

6.3K 303 11
                                    

💌 Part - 16 💌
---------------

"ခဏလောက်လိုက်ခဲ့လို့မရဘူးလား ချာတိတ်ရယ် ကိုယ်တကယ်လိုအပ်လို့ပါ"

"ဟင့်အင်း"

မိုးမြေခေါင်းလေးခါပြလိုက်ရင်း ကျောပိုးအိတ်ကိုပခုံးပေါ်ဆွဲတင်ကာ အောက်ထပ်ကိုဆင်းဖို့ပြင်ပေမယ့် ဦးဟန်က ဒီအတိုင်းမနေခဲ့ဘဲ ​နောက်ကလိုက်လာ၏။
ပတ်သက်မိတာက ထုံးစံအတိုင်းဖြစ်ကာ ပွဲတက်partnerအဖြစ်ဖြင့် မိုးမြေကိုပိုက်ဆံပေးခေါ်တတ်ပြီး ထိုပွဲတိုင်းမှာ မိုးမြေသည် သူနှင့်အတူသောက်ပေးရုံ၊ လက်ချင်းချိတ်ပြီးတွဲသွားရုံသာ..
အခုနောက်ပိုင်း ခစား၏ထိန်းချုပ်မှုကြောင့် ထိုအလုပ်ကို လက်မခံတော့တာကြာပြီဖြစ်သည်။

"ကိုယ်ဒီတစ်ခါပိုပေးမယ်လေ"

"မလိုတော့ဘူး ဦးဟန် ကျွန်မအဲ့ဒီအလုပ် မလုပ်တော့ဘူး"

"အဲ့လိုဆိုတိုင်း မင်းနှုတ်ထွက်သွားလို့မှမရသေးဘဲ ချာတိတ်ရယ် မင်းနဲ့ကိုယ် ပွဲတိုင်းအတူတက်နေကြလို့ အားလုံးက ကိုယ့်မိန်းကလေးလို့တောင်ထင်နေကြတာ ဒီတစ်ပွဲက နည်းနည်းအရေးကြီးလို့ပါ ကိုယ့်အဖေက ဥက္ကဌရာထူးကိုလွှဲပေးတော့မှာ ဒီပွဲမှာမင်းမပါလို့မဖြစ်ဘူး"

"ဘာဆိုင်လို့လဲ အဲ့ဒီရာထူးကို မိုးမြေကလက်ခံမှာမှမဟုတ်တာ"

"မင်းက ကိုယ့်မိန်းကလေးလေ ပွဲတက်တိုင်းမင်းပဲကိုယ့်ဘေးမှာရှိခဲ့တာ"

မိုးမြေစိတ်ညစ်သွားမိသလို ဦးဟန်ရဲ့စကားအဓိပ္ပါယ်ကိုလည်း နားလည်နေသောကြောင့် ခြေစုံရပ်လိုက်ပြီး ဦးဟန်ကိုသေချာကြည့်လိုက်သည်။
ဦးဟန်က ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်ကာ  အချိန်ကြာကြာ မုဆိုးဖိုဖြစ်ခဲ့သူဖြစ်ပြီး မိုးမြေနှင့်တွေ့မှ ပွဲတက်partnerအဖြစ်တွဲရင်း လက်ထပ်ခွင့်တောင်းထားခဲ့သူ…

"ချာတိတ်"

"ကျွန်မ မလုပ်တော့ဘူး ဦးဟန် ကျွန်မကောင်လေးက.."

"မင်း သူနဲ့တွဲနေတာအကြွေးတွေကြောင့်ဆို.. ဘယ်လောက်လဲ ကိုယ်ထုတ်ပေးမယ်"

"ကျွန်မအဲ့လိုမိန်းကလေးမဟုတ်ဘူး ဦးဟန်ဆီက ဘာအကူအညီမှလည်းမလိုချင်ဘူး မိုးမြေ ဒီမှာလစာကောင်းတယ် ကိုယ့်လစာနဲ့ပဲဆပ်မယ်"

မိုးမြေခစားWhere stories live. Discover now