18

5.9K 304 10
                                    

💌 Part - 18  💌
---------------

"မိုးမြေဆိုတာ"

ဆိုသည့် ခပ်ချေချေလေသံကြောင့် စာကိုအာရုံရောက်နေရာမှ မော့ကြည့်လိုက်မိသည်။
မိုးမြေရှေ့မှာရပ်နေသူက ခစား၏မြောက်မြားလှစွာသော နံပါတ်စဥ်တွေထဲမှတစ်ယောက်ဖြစ်ပြီး ဦးဟန်လက်ထပ်ခွင့်တောင်းတုန်းက ပါလာသည့်တစ်ယောက်ဖြစ်သည်။
ထိုမိန်းကလေးရဲ့ပုံစံက မိုးမြေကို အထင်သေးနှိမ့်ချလိုသောအကြည့်တွေ၊ မလိုလားသောအကြည့်တွေဖြင့် တင်းမာစွာရှိနေ၏။

"ဘာကိစ်စလဲ"

ဒါသည် မိုးမြေရဲ့ လူမြင်ကတ်စရာအကောင်းဆုံးအကျင့်ဖြစ်ကာ ရောင်းသူဝယ်သူဆိုတာ အသံတူမှရမည်ဟု ခံယူထားမိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူမလေသံအတိုင်း ခပ်မာမာပြန်မေးလိုက်တော့ ထိုမိန်းကလေးဟာ နှာခေါင်းရှူံ့သွားလေ၏။

"နင့်လိုမိန်းမပျက်ကို ကိုကိုကဘာတွေမက်မောပြီး ရည်းစားတော်ထားသလဲမသိဘူး"

"အင်း.. ငါလည်း သူ့ကိုအဲ့လိုမေးချင်တယ် နင့်ကိုဘာကြည့်ကြိုက်သလဲလို့"

"ဘာ!"

ခပ်စပ်စပ်လေးပြန်ထိသွားသဖြင့် ရဲခနဲဖြစ်သွားသည့်ထိုမျက်နှာဟာ ပေါင်မုန့်ပေါ်ကို Strawberryယိုတွေ ဖြန့်ခင်းလိုက်သည့်နှယ်။
ဘောပင်ကိုတစ်ချက်ချက်နှိပ်ရင်း ပြောဦးလေဆိုသည့်ပုံစံဖြင့် မေးဆတ်ပြလိုက်သည့်အခါ သူမက ကျော့ကျော့မော့မော့ဖြင့် လက်ပိုက်သွားပြီး…

"နင် ပိုက်ဆံလိုချင်လို့ ကိုကို့ကိုကပ်နေတာမလား"

"အင်း"

"ဘယ်လောက်လဲ ငါပေးမယ်"

"နင်ဒီလောက်ကျပ်မပြည့်မှန်း အခုမှသိတယ် ငါကငွေပုံကြီးပေါ်ထိုင်မိထားတာလေ နင်ပေးတဲ့မဖြစ်စလောက်လေးကိုယူပြီး သူ့အနားကထွက်သွားစရာလား"

"ဘာ!"

"မေးကြည့်လိုက်ပါဦး မင်းခစားဆိုတဲ့လူကရော မိုးမြေမရှိလို့ဖြစ်ရဲ့လားလို့.. ပြီးတော့ ငါတို့အတွဲရဲ့နာမည်ကိုက 'မိုးမြေခစား'တဲ့နော်
နောက်ထပ် ထပ်ပြောရရင် ငါက ခစားနဲ့တွဲနေတာ ၂လကျော်ပြီ နင်ကဘယ်နှရက်လဲ"

မိုးမြေခစားWhere stories live. Discover now