5

8.7K 295 12
                                    

💌 Part - 5 💌
---------------

"လက်ထပ်ပြီးရင် ငါတို့အတူတူနေမယ်လေ လိုက်ခဲ့မယ်မလား သားသား"

ချော့ပြောနေပေမယ့် ညှိုးငယ်နေသောမောင်လေးမျက်နှာလေးက ပြေလျော့မသွားပါဘဲ မိုးမြေကိုသာ ခပ်စူးစူးကြည့်ရင်း စကားပြန်မပြောချေ။
သားသားရဲ့ဆံပင်ပျော့လေးတွေကို ဆွဲဖွပစ်လိုက်တော့ သားသားကခေါင်းကိုခါပြီး ရှောင်ပစ်ကာ စောင်ကိုရင်ဘတ်ပေါ်အထိဆွဲတင်ပြီး လှဲအိပ်သည်။
ဒီအပြုအမူဟာ စိတ်ဆိုးတိုင်းလုပ်နေကျမို့ သားသား ဘာကိုများစိတ်ဆိုးနေတာပါလိမ့်...

"သားသား"

"အိပ်တော့မယ်"

"ဘာလို့ငါ့ကိုပြန်မဖြေသေးတာလဲ"

"နင်ယူမယ့်လူက ကိုကြီးခစားမှမဟုတ်တာ မနေချင်ပါဘူး"

သားသားစကားကြောင့် မိုးမြေရင်ထဲနင့်သွားရသလို ဒီကလေး ခစားကိုမုန်းအောင် ဘယ်လိုပြောရပါ့မလဲ။
တကယ်တမ်း သားသားနဲ့ခစားက သိပ်ရင်းနှီးခဲ့ကြသလို ခစားကို မိုးမြေထက်တောင် ပိုချစ်သေးသည့်ကောင်လေး...

"ငါလည်း သူ့ကိုချစ်ပါတယ် သားသားရယ် ဒါပေမယ့် ငါတို့ကဖြစ်မှမဖြစ်နိုင်တာ"

"နင်က မဖြစ်ချင်တာပါ ကိုကြီးခစားပြန်ရောက်နေပြီ မနက်ကငါ့ဆီလာသွားတယ် သူ့စိတ်ထဲမှာနင်မရှိတော့ရင်၊ ငါမရှိတော့ရင် ဘာလို့လာနေဦးမှာလဲ ငါ့အထင်တော့နင်ပဲ တစ်ဖက်သတ်.."

"နင်ဘာမှမသိဘဲနဲ့"

မိုးမြေ ဆက်မပြောနိုင်တော့သည်အထိ ဆို့နင့်ကြေကွဲသွားရသည်။
သူရက်စက်ခဲ့တုန်းက ဘယ်သူမှမသိပေမယ့် ဘာလို့အခုမှ မိုးမြေကပဲရက်စက်သလိုထင်နေကြတာလဲ...

"နင်သူ့ကိုချစ်တယ်ဆို ဘာလို့လက်တွဲဖို့မကြိုးစားတာလဲ မိုးမြေ.. ကိုကြီးခစားက နင့်ကိုချစ်နေတာ အခုထိလည်းအဲ့အတိုင်းပဲ နင်မသိဘူးလား မမြင်ဘူးလား"

"ငါသိတာပေါ့ သူ့အကြည့်တွေ၊ သူ့စကားတွေငါခံစားမိတယ် ငါသိတာပေါ့ ငါကယုံရဲတာ သားသား"

ဒီလိုပြန်ဖြေမည်ထင်ထားပုံမရသော သားသားက ဆတ်ခနဲထထိုင်လာသလို မိုးမြေလက်ကို ခပ်တင်းတင်းဆုပ်ကိုင်၏။
ဘယ်သူကများ ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်ချင်မှာတဲ့လဲ...
မိုးမြေကိုယ်တိုင်လည်း သူ့ကိုမစွန့်လွှတ်နိုင်လွန်းလို့ ပေကပ်ပြီး အတင်းဖက်တွယ်ခဲ့သေးတာမလား...
အဲ့ဒီအချိန်တွေမှာ မိုးမြေ ဘယ်လောက်ထိနာကျင်ခဲ့ရလဲ...

မိုးမြေခစားWhere stories live. Discover now