56

5.9K 364 23
                                    

💌 Part - 56 💌
---------------

အိပ်ရာထဲမှာ ကွေးကွေးလေးရှိနေသော ကိုယ်လုံးလေးကို သူ ထိုင်ကြည့်နေခဲ့သည်မှာ အချိန်ကြာနေပြီဖြစ်ကာ မိုးမြေသည် အရင်တုန်းကအတိုင်းလှနေဆဲဖြစ်သည်။
သူအမြဲဖက်ထားခဲ့ဖူးသည့် ခါးသွယ်သွယ်လေး၊ အတူနေချိန်တိုင်း သူ့ပခုံးပေါ်ဆွဲတင်ကာ ပွတ်သပ်ကျီစယ်ခဲ့ဖူးသော သွယ်လျသည့်ခြေတံလေးတွေ..

တစိမ့်စိမ့်ကြည့်ရင်း ရင်တွေခုန်နေမိပေမယ့် စိတ်ကိုပြန်ထိန်းပြီး ခြေရင်းမှာခေါက်ထားသောစောင်ကို မိုးမြေရင်ဘတ်ပေါ်အထိ ဆွဲခြုံပေးလိုက်သည်။
သူကိုယ်တိုင်လည်း အိပ်ချင်နေပြီမို့ စောင်ထဲပြန်တိုးဝင်ကာ သူမရဲ့ကျောဘက်မှာ ဝင်လှဲအိပ်ရင်း ခါးလေးကိုဖက်ထားလိုက်သည်။
အိပ်ပုတ်မလေးကတော့ မနိုးသေးတာမို့ သူ့မှာကြိတ်ကျေနပ်ပါရသေး၏။

"မွှေးနေတာပဲ"

ခပ်တိုးတိုးပြောမိရင်း လည်ဂုတ်ဖြူဖြူဥဥလေးကို နမ်းမိတော့ သူမ လှုပ်ရှားလာ၍ အနမ်းတွေကိုရပ်ပြီး ငြိမ်နေလိုက်သည်။
မိုးမြေက မျက်လုံးတွေပွင့်မလာဘဲ ကိုယ်လေးကိုလူးလွန့်ပြီး သူ့ဘက်သို့လှည့်လာကာ ရင်ခွင်ထဲတိုးဝင်လာ၍ ပိုပြီးကျေနပ်သွားမိသည်။

သူ့လက်မောင်းပေါ်ခေါင်းလေးတင်ကာ ပြန်ငြိမ်သက်သွားသောကြောင့် ကျောပြင်သေးသေးလေးကို သိုင်းဖက်ရင်း စောင်ကိုပခုံးပေါ်အထိ ဆွဲတင်ပေးလိုက်သည်။
ထို့နောက် သူမနဖူးလေးကိုနမ်းမိကာ နောက်ထပ် နှစ်နှစ်ခြိုက်ခြိုက်နမ်းမိတာက ပါးပြင်နုနုလေးတွေ။

"လွမ်းနေခဲ့တာသိလား Baby"

တိုးတိုးလေးပြောမိပေမယ့် သူမ မကြားတာမို့ ထိုနှုတ်ခမ်းလေးကိုသာ ဖွဖွလေးစုပ်ယူနမ်းရှိုက်ရင်း ရင်ခုန်သံတွေဟာ ပိုပြီးကြမ်းရှလာခဲ့၏။

"Omm!"

ညည်းသံလေးနှင့်အတူ မျက်နှာလေးလွှဲသွားသော မိုးမြေကြောင့် အထပ်ထပ်နမ်းချင်စိတ်ကို လျှော့ချလိုက်ရပြီး သူမကိုယ်လေးကိုသာ ခပ်တင်းတင်းဖက်ထားလိုက်တော့သည်။
နေ့နေ့ညည ကိုယ့်ချစ်သူနဲ့ နေခွင့်ရဖို့ဆိုတာ သူမျှော်လင့်ခဲ့သော ဘဝရဲ့နိဗ္ဗာန်ပဲမဟုတ်လား...

မိုးမြေခစားWhere stories live. Discover now