37

7.8K 289 11
                                    

💌 Part - 37 💌
---------------

"မနက်ဖြန် ပြန်ရတော့မယ်နော် တစ်ပတ်ဆိုတာလည်း ဘာမှမကြာလိုက်သလိုပဲ"

သူက မိုးမြေရဲ့ပခုံးကိုဖက်ကာ ဆံပင်တွေထဲမျက်နှာနှစ်ပြီး နမ်းရှိုက်နေရင်းမှ ခေါင်းညိတ်ပြပုံရသည်။
ထူးထူးဆန်းဆန်း လေပြေလေးတိုက်ခတ်နေသော ဒီနေ့ကြောင့် ခန်းဆီးစဖြူဖြူတွေ အသာလေးလွင့်နေသောကြောင့် လွမ်းလွမ်းဆွေးဆွေးရှိလှ၏။
မိုးမြေတို့အတူနေခဲ့သော ဤအခန်းလေးသည် အပမ်းဖြေနေရာဆိုတာထက် နှစ်ယောက်တည်းပိုင်ဆိုင်ခဲ့ရာ ကမ္ဘာငယ်လေးသာဖြစ်ပါသည်။

"ပြန်ရောက်ရင်ဘာလုပ်မလဲ"

"မင်းကထိုင်နေ ငါကကြည့်မယ်"

"နင်နော် ဘယ်တော့မှစကားကောင်းမပြောဘူး သွား.. လာမဖက်နဲ့"

အမြင်ကတ်ကတ်ဖြင့် တွန်းဖယ်ပစ်တော့လည်း ရယ်ကျဲကျဲဖြင့် မိုးမြေကို ခါးလေးမှသိမ်းဖက်ကာ ပခုံးပေါ်မေးတင်သည်။
သူ့ရင်ဘတ်နှင့် မိုးမြေရဲ့ကျောပြင်ဟာ ကြားလေမတိုးနိုင်အောင် ကပ်လျက်ရှိနေသောကြောင့် ပိုပြီးနွေးထွေးနေသလိုပင်…
သူ့ရင်ခွင်ဟာ မိုးမြေအတွက် အမြဲနွေးထွေးနေခဲ့တာမို့…

"ဘာလုပ်ရမှာလဲ ငါ့ကောင်မလေးပဲလုပ်ပေါ့"

"တခြားဟာပြောတာ"

"Graveမှာအလုပ်မလုပ်နဲ့တော့ မင်းကိုဝိုင်းကြည့်နေကြရင် ငါဆွဲထိုးမိလိမ့်မယ် သင်တန်းလေးဘာလေး မတက်ချင်ဘူးလား"

"တက်တော့တက်ချင်တာပေါ့ ဒါပေမယ့်သင်တန်းကြေးကိုက ၄သိန်းခွဲတဲ့လေ ဘယ်ကပိုက်ဆံနဲ့တက်ရမှာလဲ ရှားရှားပါးပါးထားမိတဲ့ ရည်းစားလေးကလည်း အလုပ်လည်းအလုပ်မခံဘဲနဲ့"

"အလုပ်မလုပ်ဖို့ပဲပြောတာလေ ငါ့အတွက်တော့လုပ်ပေးပေါ့ ဘာသင်တန်းလဲ ငါထားပေးမယ်"

"အဲ့လိုကြီးလည်း မတက်ချင်ပါဘူး"

"အလကားမလိုချင်ဘူးမလား ငါနဲ့နေပေးလေ ငါ့အဝတ်အစားတွေလျှော်ဖွပ် မီးပူတိုက်ပေး၊ ငါတို့အပြင်သွားရင် ငါ့ဘေးမှာနေပေး အိပ်ခါနီးရင်ငါ့ကိုနှိပ်ပေးလေ တစ်လကို ၁၀သိန်းပေးမယ်ကွာ ဘယ်လောက်အဆင်ပြေလဲ"

မိုးမြေခစားWhere stories live. Discover now