50

5.6K 291 25
                                    

💌 Part - 50 💌
---------------

ခြံတံခါးတွေဟာ သူ့ကိုမတားဆီးနိုင်လောက်အောင် မြင့်နေတာမဟုတ်သောကြောင့် ခြံအပြင်ကိုခြေချမိသည်နှင့် ဟွန့်ခနဲ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။
ဒီအိမ်ဒီခြံဟာ ဘာနဲ့လုပ်ထားတာမို့လို့ ထွက်ပြေးမည့်သူ့စိတ်ကို တားဆီးနိုင်ရမှာလဲ...
ကျောပိုးအိတ်ထဲမှာလည်း သူလိုအပ်သမျှ အကုန်ထည့်ပြီးပြီမို့ အိမ်ကိုရော၊ ခြံကိုပါ နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်ပြီး ရှေ့ဆက်တိုးမည့်ခြေလှမ်းတွေဖြင့် ဆက်လျှောက်လာခဲ့သည်။

အချိန်သည် မနက်၂နာရီထိုးခါနီးပြီမို့ လမ်းပေါ်မှာ အသွားအလာရှင်းနေပြီဖြစ်ကာ သူ့အတွက်ကတော့ လမ်းထိပ်မှာဦးလေးကစောင့်နေ၍ အေးအေးဆေးဆေးပင်။
စိတ်မော၍လောနေသောသူ့ကို စကားသိပ်မပြောဘဲ ဆေးရုံကိုလိုက်ပို့ပေးသောအခါ ဦးလေးကို ကြိတ်ကျေးဇူးတင်ရပါသေးသည်။

"ကျွန်တော်ပြန်မလာတော့ဘူး ဦးလေး"

"ဟေ"

"သူ့ကိုခေါ်ပြီး အပြီးထွက်သွားတော့မှာ"

"လူလေးရယ် ဒီလိုကြီးထွက်သွားရင် လူလေးအမေဘယ်လိုဖြစ်နေခဲ့မလဲ မစဥ်းစားတော့ဘူးလား"

"ကျွန်တော်အိမ်မှာမနေတာကြာပြီ မာမီ့အတွက်ကိုကိုလည်းရှိတယ် မိုးမြေမှာက ကျွန်တော်ပဲရှိတာ"

"ဒါပေမယ့်.."

"အဲ့ဒါပဲ နောက်ထပ်မပြောနဲ့တော့ဦးလေး ကျွန်တော် မိုးမြေကိုခေါ်ပြီးထွက်သွားတော့မှာ ဘယ်တော့မှပြန်မလာတော့ဘူး ဒီမိသားစု၊ ဒီအသိုင်းအဝိုင်းမှာ ကျွန်တော့်အတွက်နေရာမရှိခဲ့သလို ကျွန်တော်လည်းမနေချင်တော့ဘူး"

ခိုင်မာသောသူ့ဆုံးဖြတ်ချက်ကြောင့် ဦးလေးကခွန်းတုံ့မပြန်တော့ဘဲ ကားကိုသာဂရုတစိုက်မောင်းနေရင်း နှုတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဆေးရုံကိုရောက်သည့်အခါ ဦးလေးကို နောက်ဆုံးအနေဖြင့် လက်ပြနှုတ်ဆက်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ ဆေးရုံထဲဝင်ပြေးလာခဲ့သည်။

Receptionမှာ မိုးမြေဘယ်ရောက်နေသလဲဟု မေးမြန်းမိတော့ သူမသည် ၅လွှာ၏သီးသန့်အခန်းမှာရှိနေသညိဟုဆို၏။
သူပြောထားခဲ့သည့်အတိုင်း နေသွေးတို့ဟာ မိုးမြေကိုသေချာဂရုစိုက်ပေးထားကြ၍ စိတ်ထဲမှာကြိတ်ပြီး ကျေးဇူးတင်သွားမိသည်။
ထို၅လွှာအထိ သူ အပြေးတက်လာခဲ့ကာ မိုးမြေရှိနေသောအခန်းရှေ့အထိ ပြေးလာခဲ့ပြီး သူမကိုတွေ့ရတော့မည့်စိတ်ကူးတွေဖြင့် ပျော်နေခဲ့မိသည်။

မိုးမြေခစားWhere stories live. Discover now