44

6.5K 318 7
                                    

💌 Part - 44 💌
---------------

"ဘာတွေကြည့်နေတာလဲ"

ကျောဘက်မှနေပြီး သူမကိုယ်လေးကိုသိုင်းဖက်ကာ ပါးလေးကိုငုံ့နမ်းရင်း မိုးမြေလက်ထဲကစာရွက်ကိုငုံ့ကြည့်လိုက်မိသည်။
သူတို့စတွဲခဲ့တုန်းက မိုးမြေကိုချုပ်ကိုင်ခဲ့သည့်စာချုပ်လေးဖြစ်ကာ သူမ ဘယ်ကတွေ့လာသလဲတော့မသိ။
ထိုစာချုပ် ချုပ်ခဲ့တုန်းက မိုးမြေဟာ သူ့ကိုရန်တွေ့ခဲ့ဖူးသလို လောင်းကြေးကိစ္စဖြင့် ကြောက်လန့်သွားသော သူမအဖေကိုလည်း ပြန်သတိရလိုက်၏။

"အဲ့ဒီကိစ္စကို အခုတောင်းပန်ရင်မှီသေးလား"

"ဘာလဲ ငါ့အဖေကိုညစ်ပြီး ကစားလိုက်တာကိုလား"

"မင်းအဖေကိုညစ်တာတော့ဟုတ်တယ် ဒါပေမယ့် ကစားတဲ့နေရာမှာ ငါမညစ်ဘူးနော် မင်းခစားဆိုတာ Graveမှာ ဒိတ်ဒိတ်ကျဲSnooker king"

"အဲ့ဒီKingက ငါနဲ့ဘာလို့မကစားတာလဲ"

"မကစားချင်ပါဘူး မင်းကိုနိုင်လို့လည်း ငါမပျော်ဘူး အမြဲတမ်းအရှုံးပေးချင်နေတာ"

"အံမယ်"

"တကယ်ပါဆို Candyရာ မင်းအဖေက ငါ့ကိုအထင်သေးတာသိလား ငါ့ကို အရင်ကစားခွင့်ပေးတယ်လေ တစ်ကျူတည်းနဲ့ပွဲသိမ်းသွားတာကတော့ ငါ့အရည်အချင်းနဲ့ပဲဆိုင်တယ် Snookerနဲ့ပတ်သက်လာရင် ငါဘယ်တော့မှမညစ်ဘူး အဲ့ဒါငါ့သစ္စာတရားပဲ"

ဒီစကားကတော့ မှားစရာမရှိသလို ထောင့်၅ထောင့်နဲ့ကျင်းဝင်ခဲ့သော သူ့လက်ဆကို မိုးမြေကိုယ်တိုင်လည်း မြင်ဖူးထားသည်လေ။
Snookerနဲ့ပတ်သက်လာလျှင် အဖေဟာ confidenceရှိသူမို့ သူဟာ သိန်း၅၀ဖြင့် အဖေ့ကိုစိန်ခေါ်ခဲ့ပြီး အဖေမခံချင်အောင် အမျိုးမျိုးလှည့်ပတ်ပြောခဲ့ခြင်းသာ ဖြစ်လောက်သည်။

တကယ်တမ်းဆို မင်းခစားဆိုသည့် ဒီကလေးဆိုးကြီးဟာ ကတ္တီပါခင်းတွေပေါ်မှာသာ Playerမဟုတ်ဘဲ အပြင်မှာလည်းPlayerဖြစ်၏။
သူက ထိုစာချုပ်ကို အသာလေးဆွဲယူပြီးဖတ်ကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း…

"စာချုပ်အရဆို ၅လလောက်လိုသေးပေမယ့် နောက်၃လဆို ငါ UKကိုသွားစရာရှိသေးတယ်"

ဒီကိစ္စကိုတော့ မိုးမြေမေ့ထားခဲ့သောကြောင့် သူ့ကိုမော့ကြည့်လိုက်မိကာ ခစားရဲ့မျက်နှာမှာ နားလည်ရခက်သောအရိပ်အငွှေ့တွေ ယှက်သန်းနေသလိုခံစားမိသည်။
သူဘာကိုပြောချင်နေသလဲ၊ UKသွားသည့်အခါမှာ မိုးမြေကိုလမ်းခွဲချင်တာလား…

မိုးမြေခစားWhere stories live. Discover now