31

5.5K 278 12
                                    

💌 Part - 31 💌
---------------

"မင်းတို့ Honeymoonကို ငါကဘာလုပ်ရမှာလဲ"

"ဒီအတိုင်းခေါ်တာပါကွာ ရုပ်ကြီးကလည်းကြောက်စရာကြီး"

"ကြောက်စရာကောင်းမှာပေါ့ သူ့အဖေက ဘဏ်စာအုပ်တွေရော၊ ကဒ်တွေရောအကုန်ပိတ်ထားတာလေ ခွေးဖြစ်နေပြီ"

"အဲ့လောက်နဲ့ခွေးဖြစ်စရာလား သဒေါင်းဇားရ ဘယ်မှမလိုက်ချင်သေးလို့"

"ဘာလို့တုန်းဟ စားရိတ်အားလုံးငါခံပါ့မယ် ငါက သူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်းလေးဖြစ်ချင်လို့.. မဟုတ်လည်း ငါတို့ခရီးမထွက်ဖြစ်တာကြာပြီလေ"

"အဲ့ဒါကြောင့် မင်းကိုခေါ်နေတာ"

"စိတ်မအားသေးဘူး"

တကယ်တမ်း ဘယ်ကိုမှခရီးမထွက်ချင်ဘဲ မိုးမြေနဲ့ပဲအတူရှိချင်ကာ သူမကို Spaတွေလိုက်ပို့ပေးချင်စိတ်သာ ရှိသည်။
အခုတောင် Shoppingထွက်ရုံ၊ လက်သည်းပြုပြင်ပေးရုံသာရှိသေးတာမို့ နောက်ထပ်လုပ်ပေးစရာတွေလည်း အများကြီးရှိသေးသောကြောင့် အပျော်ခရီးတွေဖြင့် အချိန်မကုန်ချင်။

ကောင်းထက်ကလည်း မရမကခေါ်မည့်ပုံဖြင့် သူ့ကိုမျက်မှောင်ကုတ်ပြီးကြည့်နေသလို တခြားသူတွေကလည်း သူ့ကိုမကျေမချမ်းကြည့်နေကြ၏။
ခါတိုင်းဆို ခရီးထွက်ဖို့တိုင်ပင်တိုင်း သူကActiveအဖြစ်ဆုံးမို့ ဒီတစ်ခါငြင်းဆန်နေမှုကိုလည်း အတော်မျက်မုန်းကျိုးနေကြဟန်…

"ခစားနော် မင်းရည်းစားမထားဖူးတဲ့ကောင်လို စော်ကြောင်,ကြောင်မနေနဲ့ မင်းခေါ်ချင်ရင်ခေါ်ခဲ့လို့ရတယ်"

"မခေါ်ချင်ပါဘူး ငါ သူ့ကိုလုပ်ပေးစရာတွေရှိသေးတယ် အခုမှ အဝတ်အစားနည်းနည်းပါးပါးလေးနဲ့ လက်သည်းလေးပဲပြင်ပေးရသေးတယ် ဆံပင်တွေလည်းလုပ်ပေးရဦးမယ် မျက်နှာပေါင်းတင်တာ.."

"အာ! ရှုပ်လိုက်တာကွာ အဲ့ဒါတွေ ဟိုကျမှလုပ်လို့မရဘူးလား"

"ရတော့ရတာပေါ့"

"ရရင်ခေါ်ခဲ့ကွာ ဖူးခက်ကိုသွားမှာနော် မိုးမြေလည်းရောက်ဖူးချင်မှာပေါ့ အဲ့ဒီမှာလည်း Spaတွေရှိတယ်"

မိုးမြေခစားWhere stories live. Discover now