9

6.2K 230 5
                                    

💌 Part - 9 💌
---------------

Graveကို သူရောက်သည့်အခါ ၁၀နာရီခွဲတော့မှာမို့ လူတွေရှုပ်နေပြီး ထုံးစံအတိုင်းSnookerခန်းကိုပဲ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။
ပုံမှန်ဆို Snookerခန်းသည် ဘောလုံးချင်းထိခတ်သံတွေ၊ ကျင်းဝင်သည့်ခြူသံတွေ၊ တီးတိုးစကားသံတွေသာရှိပေမယ့် ဒီနေ့တော့ထူးထူးခြားခြားတိတ်ဆိတ်နေ၏။
မျက်မှောင်ကုတ်သွားမိကာ ခုံတွေဆီဝေ့ကြည့်မိတော့ မိုးမြေသည် ယူနီဖောင်းမဟုတ်သောဝတ်စုံဖြင့် ကျူတံကိုကိုင်ကာ ခုံနှုတ်ခမ်းပေါ်မှာ တစောင်းအနေအထားဖြင့် ထိုင်လျက်ရှိနေသည်။

"Hey အသည်းလေး မင်းအလှည့်ရောက်ပြီ"

ဘေးမှာလည်းဝိုင်းကြည့်သူတွေရှိနေပြီး မိုးမြေကပြုံးပြီး ဆံပင်တွေကိုကျောပေါ်သို့ ခါထုတ်ပစ်လိုက်တော့ Sexyကျကျလွင့်ခါသွားသည်။
ထိုင်နေရာမှမထဘဲ ကျူတံကိုသာအနေအထားပြောင်းပြီး ထိုးBallကို ထောက်ခနဲထိုးလိုက်သည့်အခါ အနီရောင်ဘောလုံးလေးသည် အလယ်ကျင်းထဲဝင်သွားကာ ချွင်ခနဲအသံထွက်လာ၏။

"လောင်းကြေးတင်ချင်သေးတယ်"

"မတင်တော့ဘူးလေ အခုတောင် တော်တော်များနေပြီ"

"ရှင့်ကိုအနိုင်ပိုင်းသွားမှာစိုးရိမ်နေတာလား"

မေးလေးဆတ်ကာ ခပ်နွဲ့နွဲ့မေးနေသော ထိုပုံရိပ်သည် အဝါရောင်မီးတွေအောက်မှာ အကြည့်မလွှဲချင်စရာကောင်းအောင် လှပစွာညှို့ငင်နေသည်။
မိုးမြေဟာ မျက်နှာဖုံးအမျိူးမျိုးနှင့် မာယာများတတ်သူတစ်ယောက်ဖြစ်ပြီး သူ့အပေါ်ကိုတော့ ဘုနဲ့ဘောက်…

ကြည့်နေတုန်းမှာပင် ထိုလူက ငွေနှစ်အုပ်ကိုစားပွဲပေါ်ပစ်တင်လိုက်သောကြောင့် သူ သဘောတကျပြုံးလိုက်မိသည်။
ထိုအခါမှ မိုးမြေက အပြုံးတစ်ချက်ဖြင့် ကျူတံမှာ ချော့ခ်သုတ်ကာ ခါးကိုကိုင်းပြီး ကတ္တီပါအခင်းပေါ် လက်ကလေးတင်ကာ ထိုးBallတွေကို တစ်လုံးပြီးတစ်လုံးထိုးချ၏။
တစ်ခန်းလုံးတိတ်ဆိတ်နေပြီး သူမ၏ထိုးBallချင်းထိခတ်သံ၊ ကျင်းဝင်သံတွေသာဖုံးလွှမ်းနေကာ ခဏအကြာမှာတော့ လက်ခုပ်သံတွေကြားလိုက်ရသည်။

မိုးမြေခစားWhere stories live. Discover now