52

5.2K 300 37
                                    

💌 Part - 52 💌
---------------

ဒီနေ့တော့ ရုံးဆင်းနောက်ကျသောကြောင့် Busကားတွေလည်းမရှိတော့၍ မိုးမြေအကြံအိုက်သွားချိန်မှာ ကားဟွန်းသံကြီးကြားလိုက်ရသည်။
လန့်ဖျပ်သွားမိ၍ ထိုကားကိုမျက်စောင်းချီမိတော့ ကားပေါ်ကဆင်းလာသော နေ့လည်ကပုဂ္ဂိုလ်ကြောင့် ပိုပြီးစိတ်ပျက် လက်ပျက်ဖြစ်သွားမိ၏။
သိပ်အမြင်ကတ်စရာကောင်းတဲ့လူ...

"ကိုယ် လိုက်ပို့မယ်"

"မလိုဘူး"

"ကားငှားဖို့မလွယ်တော့ဘူး ချာတိတ်ရဲ့ ကိုယ်လိုက်ပို့ပါ့မယ် ဈေးမကြီးပါဘူး ၁၅၀၀ပဲပေးပါ"

"အကြွေမရှိဘူး"

လူကြီးလူကောင်းပီသသော ထိုလူက ကိုယ်နေဟန်ထားကအစ ကြည့်ကောင်းပြီး ခမ်းနားသောအရှိန်အဝါတမျိုးဖြင့် တွေ့လိုက်သည့်အခါတိုင်း အမြဲလိုခန့်ညားနေတတ်သည်။
သို့သော် မိုးမြေဟာ ခစားမှလွဲလျှင် ဘယ်လိုယောကျာ်းမျိုးကိုမှကြည့်မရတော့၍ ဒီလူ၏ချောမောခန့်ညားမှုတွေကိုလည်း ကြည့်မရ။
ချမ်းသာသောယောကျာ်းတိုင်းဟာ မိုးမြေအတွက်တော့ မျက်မုန်းကျိုးစရာအတိ။

"ကိုယ် မင်းကိုစောင့်နေတာကြာပြီ ချာတိတ်ရဲ့ Dinnerမှာတွေ့ကတည်းကဆိုပါတော့"

"အဲ့ဒါဘာလုပ်ရမှာလဲ"

"မင်းမှာ တွဲနေတဲ့သူမရှိရင် ကိုယ် လိုက်လို့ရတယ်မလား"

"မရဘူး ရှင့်ကိုကြည့်လို့ကိုမရတာ"

"ဟား!"

ရယ်ချလိုက်ပုံက တစိုးတစိမှငြိုငြင်ပုံမရသလို မိုးမြေဘာလုပ်နေနေ၊ ဘာပဲပြောနေနေ အပြုံးမပျက်ဘဲ ကြည့်သောအကြည့်တွေကလည်း ချစ်မြတ်နိုးသောအကြည့်တွေဖြင့်သာ။
အမြင်ကတ်ရလွန်း၍ ဒီလူကြီးရှေ့ကထွက်သွားဖို့ပြင်တော့ သူက မိုးမြေကိုတားဆီးလိုက်ပြီး...

"မင်းကြည့်မရရင်လည်း မကြည့်ပါနဲ့ ပြန်လိုက်ပို့ပေးပါရစေ"

"မလိုဘူးလို့ပြောနေတာမလား"

မိုးမြေ ခါးခါးသီးသီးငြင်းပစ်လိုက်သည့်အခါ ထိုလူကြီးဟာ မျက်နှာပျက်သွားသလို နည်းနည်းရှက်ရွံ့သွားပုံလည်းရသည်။
သို့သော် ဤလူ့အပေါ်မှာ သနားစိတ်လေးတောင်ဖြစ်မလာဘဲ တစ်ခါခံစားရပြီးသော နာကျင်ခဲ့ရခြင်းတွေကို ပြန်သတိရလိုက်သည်။
မင်းခစားဆိုသောယောကျာ်းတစ်ယောက် မိုးမြေရဲ့ဘဝထဲ ဝင်လာခဲ့ဖူး၍ မိုးမြေမှာဘဝပျက်ခဲ့ရတာမလား။

မိုးမြေခစားDonde viven las historias. Descúbrelo ahora