27

5.4K 284 9
                                    

💌 Part - 27 💌
---------------

Day 4

 
နာရီကိုကြည့်မိသည့်အခါ ၁၂နာရီခွဲခါနီးပြီဖြစ်သည်။
ဘေးနားက သူငယ်ချင်းရောင်းရင်းတွေကိုကြည့်မိသည့်အခါ အိပ်သူကအိပ်၊ ဖဲရိုက်သူကရိုက်နေပြီး ဂိမ်းဆော့သူကလည်းဆော့နေကြ၏။
ထို့ကြောင့် လှဲနေရာမှဖြည်းဖြည်းချင်းထထိုင်ကာ မသိမသာထွက်လာခဲ့ပြီး အောက်ထပ်ကိုဆင်းလာခဲ့တော့ အောက်ထပ်မှာ မှောင်မဲတိတ်ဆိတ်နေသည်။

ထို့နောက် ခြံထဲကိုဆင်းလာခဲ့ပြီး အများကြီးစဥ်းစားမနေတော့ဘဲ ခြံစည်းရိုးကိုကျော်တက်လိုက်ကာ အပြင်ကိုခြေချမိသည်နှင့် စိတ်ထဲပေါ့ပါးသွားသလိုပင်။
လမ်းမကြီးပေါ်ကိုရောက်တော့ လူမရှိတော့ဘဲ ရှင်းလင်းနေပေမယ့် ကံကောင်းထောက်မစွာဖြင့် Taxiတစ်စီးကိုလည်းလှမ်းတွေ့လိုက်၍ လက်ပြပြီးတားလိုက်သည်။

"မြို့သစ်ဘက်သွားချင်လို့"

"ကျွန်တော်က သိမ်းလာတာဗျ"

"လုပ်ပါ ၁သောင်းခွဲပေးမယ်"

ဆိုတော့ taxiသမားက ခေါင်းညိတ်ပြ၍ သူ ပျော်သွားမိသည်။
ကားပေါ်တက်ထိုင်လိုက်တော့ ထိုကား၏ဦးတည်ရာသည် မြို့သစ်ဘက်ရှိ သူ့တိုက်ခန်းအနား လမ်းထိပ်မှာတည်ရှိသော Mini martသေးသေးလေးဆီသို့ဖြစ်သည်။
တစ်ချက်ပြုံးလိုက်မိသလို အိတ်ကပ်ထဲဘာပါလာသလဲဟု စမ်းကြည့်မိတော့ ၁သောင်းတန်တချို့၊ ဖုန်း၊ မီးခြစ်နှင့်စီးကရက်ဘူးတစ်ဘူးသာ…

"ရောက်ပါပြီဗျ"

ကားသမားက Mini martလေးနှင့် ခပ်လှမ်းလှမ်းမှာရပ်ပေးသောကြောင့် တော်သေးကာ ပိုက်ဆံပေးပြီးကားပေါ်ကဆင်းသည်နှင့် ထိုmini martလေးကိုလှမ်းကြည့်မိသည်။
တိတ်ဆိတ်နေသောလမ်းမှာ ထိုmini martလေးကသာ မီးလင်းနေပြီး သူ စီးကရက်ဘူးကိုဆွဲထုတ်ရင်း ထိုmini martအနားသို့ ချဥ်းကပ်လာခဲ့သည်။

"Hey တစ်ယောက်တည်းလား"

ဆိုင်ကယ်ဖြင့်ဖြတ်သွားသော အခြောက်မတွေ၏အော်သံတွေကိုလည်း ဒေါသမဖြစ်အားဘဲ mini mart၏မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်ချလိုက်သည်။
သူ ထိုင်လိုက်သောနေရာက မသိမ်းခဲ့သောစားပွဲခုံကြီးနှင့် နံပြားဖိုကြီးရှိနေသောကြောင့် လူရှိနေမှန်းမသိသာ…
ထို့ကြောင့် သူ စိတ်ချလက်ချဖြင့် စီးကရက်ကိုမီးညှိပြီး စိမ်ပြေနပြေသောက်နေမိသည့်တိုင် ထိုmini martလေးဆီမှ အကြည့်မလွှဲနိုင်ခဲ့။

မိုးမြေခစားOù les histoires vivent. Découvrez maintenant