11

6.2K 263 8
                                    

💌 Part - 11 💌
---------------

"အဲ့ဒီအစ်ကိုကြီးနဲ့က တကယ်တွဲနေတာလား"

သားသားရဲ့မေးခွန်းကြောင့် မိုးမြေ ခဏငြိမ်သွားမိကာ သားသားကိုအကဲခတ်မိတော့ ငြင်းဆန်ကန့်ကွက်လိုဟန်မရှိချေ။
ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် ခစားကိုခင်တွယ်နေပုံလေးက အထင်းသားမို့ သားသားရဲ့ပါးလေးကို ဖွဖွလေးဆွဲဖဲ့ရင်း ပြုံးပြလိုက်သည်။

"ဆိုပါတော့"

"ညဆို ငါ သူနဲ့Gameအတူတူဆော့ဖြစ်တယ်"

"သားသား နင့်မျက်လုံးတွေ သိပ်မကောင်းတော့ဘူးနော် ဘာလို့ဂိမ်းဆော့နေသေးတာလဲ"

"ကောင်းတုန်းလေးဆော့ရတာ"

"ငါလုပ်သဝာ်မိတော့မယ်"

မိုးမြေလက်ရွယ်တော့ သားသားကရယ်ကျဲကျဲနှင့် လက်ကာပြီးရှောင်တိမ်းတာမို့ စိတ်ဆိုးပြသည့်အနေဖြင့် နှုတ်ခမ်းကိုဖိကိုက်ပစ်လိုက်မိသည်။
မွေးရာပါဆီးချိုရောဂါရှိသော သားသားဟာ အမြဲလိုလို ဆေးရုံတက်နေရပြီး သူ့အတွက် ကုန်ကျစားရိတ်ဟာ မနည်းမနော..

"ရှင်က အဖေမဖြစ်သင့်တဲ့သူ.. သိလား ဦးမိုးမြင့်"

အမေက ဖေဖေနဲ့ရန်ဖြစ်တိုင်း ထိုသို့ပြောနေကျဖြစ်ကာ Snookerဝါသနာပါသောဖေဖေက ငွေရှာဖို့ကိုလည်းစိတ်ကူးထဲမရှိ။
သက်သာသလိုသာနေပြီး မိုးမြေတို့သားအမိတွေကို မျက်ကွယ်ပြုထားခဲ့သောနှစ်တွေ မနည်းမနောဖြစ်၏။
သားသား၏ရောဂါအကြောင်းကို လုံးစေ့ပတ်စေ့သိရတော့မှ နောင်တရသွားသည့်အဖေသည် အရင်ကလောက် လူပေါ်လူဇော်မလုပ်တော့ပေမယ့် လက်ကြောတင်းသည်လည်းမဟုတ်ပြန်။

"ထမင်းချက်ထားတယ် အကြော်လေးနဲ့စားလိုက်တော့ အမေဆေးရုံသွားရဦးမှာ"

ဆိုသည့်နေ့တွေ မနည်းမနောဖြစ်ပေမယ့် ဖေဖေသည် Snookerကိုတော့မစွန့်လွှတ်ခဲ့။
အမေ့လုပ်စာတစ်ခုတည်းဖြင့် မိုးမြေကျောင်းတက်ခဲ့ရပြီး Snookerကစားရင်းဖေဖေရှာသမျှကတော့ သားသားရဲ့ဆေးဖိုးလောက်ငှရုံသာဖြစ်သည်။
တစ်ခါတစ်လေ ဖေဖေ့ရဲ့ချိန်းပွဲတွေကြောင့် ကျူခုံအထိလိုက်ခေါ်ရရင်း မိုးမြေ ကျူခုံမှာအိပ်ပျော်သွားခဲ့သည့်အချိန်တွေတောင် ရှိခဲ့သေးသည်။

မိုးမြေခစားWhere stories live. Discover now