2

9.3K 275 2
                                    

💌 Part - 2 💌
---------------

"ခစား ဟုတ်တယ်မလား.. မင်းခစား"

ဝိုင်းဝန်းနှုတ်ဆက်သံတွေနှင့်အတူ သူ့ဆီကိုအပြေးအလွှားရောက်လာကြသည့် Graveရဲ့ဝန်ထမ်းတွေ...
သူကတော့ ခြေလှမ်းမှန်မှန်ဖြင့်လျှောက်လာခဲ့ကာ ထိုလူအုပ်အနားရောက်တော့ ဝိုင်းဝန်းပွေ့ဖက်ပြီး နှုတ်ဆက်ကြသံတွေက ဆူညံကုန်သည်။
Graveဟာ အရင်ကတည်းက သူ့အပိုင်ဖြစ်ပြီး ဒီနေ့ထက်ထိလည်း သူ့အပိုင်ပဲမို့ ဤကဲ့သို့ ရင်းနှီးနွေးထွေးနေကြစမြဲ။

"အစ်ကိုခစား ဘယ်တုန်းကပြန်ရောက်တာလဲ"

"၂ရက်လောက်ပဲရှိသေးတယ် ငါ့ကောင်တွေဆီ တန်းမလာဖြစ်တာဆောရီးကွာ ဒီနေ့ဆက်ရှင်တွေ စောသိမ်းလိုက်ကွာ ညကျ Partyလုပ်မယ်"

ဟေးခနဲအသံတွေ ဆူညံသွားကာ ဝန်ထမ်းတွေအားလုံး အလုပ်ကိုယ်စီပြန်ဝင်ခိုင်းလိုက်ပြီး သူကတော့ Barမှာသွားထိုင်လိုက်သည်။
ဒီနေရာဟာ သူထိုင်နေကျနေရာဖြစ်ပြီး နေရာလွတ်နေသောဘေးခုံလေးဆီ အကြည့်တွေရောက်သွားမိတာ အလိုအလျောက်...

"မိုးမြေကိုသတိရသွားတာလား"

အရက်ထည့်ထားသော ကလပ်နှစ်ခုကို လက်တစ်ဖက်စီမှာကိုင်ရင်း သူ့ဆီလျှောက်လာသော နေသွေး...
ဒီကောင်က ကျောင်းကတည်းက သူငယ်ချင်းဖြစ်ပြီး Graveမှာလည်း ရှယ်ယာယူထားတာမို့ အခုချိန်ထိ တွဲဖြစ်နေဆဲ ဘော်ဒါအရင်းကြီးဖြစ်သည်။
တစ်နည်းပြောရရင် သူနဲ့မိုးမြေအကြောင်း အသေအချာသိခဲ့သူတွေထဲက တစ်ယောက်...

"မိုးမြေက ကိုမင်းရာဇနဲ့ လက်ထပ်တော့မှာ မင်းကြားပြီးပြီမလား"

"အင်း.. ဟုတ်တယ် ပြန်ရောက်မှသိတာ"

"ငါကတော့ကြားထားတာ ကြာပါပြီ မင်းကိုတမင်မပြောတာ မင်းခံစားနေရမှာလည်းစိုးတယ် မင်းတို့ချင်းလည်း ဆိုင်မှမဆိုင်တော့ဘဲ"

သူ နေသွေးလက်ထဲက အရက်ခွက်ကိုလှမ်းယူပြီး တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်ကာ barခုံပေါ်ဂွပ်ခနဲမြည်အောင် ဆောင့်ချလိုက်သည်။
နေသွေးက သူ့ကိုကြည့်ရင်း ဘေးခုံမှာဝင်ထိုင်ဖို့ပြင်တော့ သူ နေသွေးပခုံးကိုတွန်းလွှတ်ပစ်လိုက်ပြီး...

မိုးမြေခစားWhere stories live. Discover now