45

6.6K 308 8
                                    

💌 Part - 45 💌
---------------

"စော်ပစ်ကောင်လေး လာပြီ"

"ဒီတစ်ခါတော့ ငါကမိုးမြေဘက်ကဟေ့.. ဒီနွားကိုဖြတ်ဖို့ပဲအကြံပြုတော့မယ်"

"အေးလေ ဟိုမပြတ် ဒီမပြတ်နဲ့"

နားနေခန်းမှာ သူရောက်လာကတည်းက ဆူသံတွေသံတွေဖြင့် တဝေါဝေါဖြစ်သွားပြီး BFFပီသသောထိုကောင်တွေက သူ့ဘက်မှာတစ်ယောက်မှမရှိကြ။
မိုးမြေဆိုသည့် သူ၏သကြားခဲလေးကို သူတစ်ယောက်တည်းချစ်တာမဟုတ်ပါဘဲ ဒင်းတို့တွေကအစ ဘော်ဒါတစ်ယောက်လိုချစ်ကြပြီး တစ်ခုခုဆို ကူညီဖို့အဆင်သင့်။
အခုလည်း သီရိ အိမ်အထိလိုက်လာသည့်ကိစ္စဖြင့် သူ့ကိုဝိုင်းဆဲနေကြပြီး မိုးမြေကိုသာ သနားနေကြတော့၏။

"မင်းတို့ကလည်း အားကိုးရမလား မှတ်ပါတယ် ငါ့ပဲဝိုင်းဆဲနေကြတာ"

"ဆဲချင်စရာကြီးဥစ္စာ အဲ့ဒီကွန်ဒိုလိပ်စာ မင်းပြောလို့ သီရိကသိသွားတာပေါ့"

"မဟုတ်ပါဘူး ငါ အဲ့ဒီမှာညအိပ်ဖူးတုန်းက သူကဖုန်းဆက်ရင်းမေးလို့ ပြောပြဖူးတာ ပြီးတော့ အဲ့ဒီဇယားက တကယ်ရှုပ်မထားတော့တာပါကွာ"

"မရှုပ်လို့သာပဲ"

"တကယ်ဟ သူ နိုင်ငံခြားထွက်သွားကတည်းက ခေါင်းထဲကနေထုတ်ထားခဲ့တာ မင်းတို့သိတဲ့အတိုင်းပဲ ငါ ဘယ်သူ့ကိုတမ်းတနေလို့လဲ မနေ့တနေ့ကမှ ပြန်ရောက်လာပြီး ငါ့ကိုပြဿနာလာရှာတာ"

"ခံလေ မသနားပါဘူး သောက်နွားကောင်"

ပျစ်ပျစ်နှစ်နှစ်ကြီးဆဲကာ တဟားဟားဖြင့် သဘောတကျရယ်နေကြပြန်တော့ ဒီကောင်တွေကို အားမကိုးရမှန်းသိလိုက်ရပြီ ဖြစ်သည်။
မနေ့က ပြဿနာဖြစ်ထားသည့်အပြင် သူမစိတ်ဆိုးနေတုန်း ရှင်းပြရမည့်အစား ဆွဲစားလိုက်မိ၍ စိတ်ကောက်နေသောမယ်မင်းကြီးမသည်လည်း မျက်နှာချင်းတောင်မဆိုင်။
တွေ့လိုက်သည်နှင့် မျက်စောင်းထိုးကာ ကျောပေးပစ်တာမို့ ချော့ဖို့ကြိုးစားပေမယ့်လည်း အရာမထင်…

"ချော့စရာမလိုဘူး ငါက နင်ငွေပေးငှားထားတဲ့ အငှားရည်းစား"

ဟု ခပ်ရွဲ့ရွဲ့ပြောကာ သူ့ကိုအတင်းပုတ်ထုတ်ခဲ့သေးသည်။
ကိုယ်မပြတ်သားခဲ့မိသောကိစ္စမို့ သူမအပြစ်လည်းမဟုတ်သလို ဘယ်လိုချော့ရမလဲဟုသာ အသည်းအသန်စဥ်းစားမိ၏။
သူမက ငွေသရဲမဆိုတော့ ပိုက်ဆံပန်းစည်းကြီးလုပ်ပြီး ပေးလိုက်သင့်လား…
ဒါမှမဟုတ် တစ်ခုခုဝယ်ပေးလိုက်သင့်လား…

မိုးမြေခစားWhere stories live. Discover now