60

8K 388 14
                                    

💌 Part - 60 💌
---------------

နှစ်ကိုယ့်တစ်စိတ်ပြန်ဖြစ်သွားသည့်အခါ မိုးမြေနှင့်သူသည် တစ်ယောက်ကိုတစ်ယောက် တစိမ့်စိမ့်ကြည့်ရင်း အလိုလိုပြုံးမိလိုက်၊ အသည်းတယားယားဖြင့် နမ်းမိလိုက်။
သူ့ရင်ခွင်ထဲခေါင်းလေးတိုးကာ ကလေးလေးလိုပြန်ချွဲမိတိုင်း မေ့ပျောက်နေပြီဖြစ်သော ကြည်နူးမှုလေးတွေ ပြန်ရမိကာ သူ့အပြုံးတို့ကလည်း ခဏခဏငေးချင်စရာ...

"ဒီလိုလေးမှပြန်ဖြစ်ပါ့မလားလို့ စိတ်ပူလိုက်ရတာကွာ"

"ငါက ငါ့ကိုယ်ငါ အညှာလွယ်တယ်လို့ထင်နေမိတာ"

"မထင်ပါနဲ့ Babyရာ မင်းဘယ်လောက်မာနကြီးလဲ ငါအသိဆုံးပဲလေ ငါတို့ကစည်းလေးနည်းနည်းလောက်ပဲ ချိုးဖျက်မိတာရယ် ပြီးတော့ ငါ အဲ့ဒီဒေသ၊ အဲ့ဒီအသိုင်းအဝိုင်းကိုဘယ်တော့မှပြန်မသွားတော့ဘူး"

"ဘာလို့လဲ"

"ဒီအတိုင်းပဲ ကျောပေးလိုက်ချင်လို့.. ငါ့အတွက်မင်းရှိရင်ရပြီ ကျန်တာမလိုဘူး ပြီးတော့ငါမင်းအတွက် တိုက်ခန်းတစ်ခုဝယ်ထားတယ် Babyရဲ့ လီယွန်မြို့မှာလေ"

"တကယ်"

"Parisကို ပိုသဘောကျပေမယ့် Lyonမှာပိုပြီး အေးအေးလူလူနေလို့ရတယ် ငါတို့တိုက်ခန်းလေးက River sideမှာ.. Churchကျောင်းနဲ့လည်းနီးတယ် ကော်ဖီဆိုင်တွေနဲ့လည်းနီးတယ် မြစ်ဘေးမှာစက်ဘီးစီးလို့လည်းရတယ် သာသာယာယာပဲ"

"နင်သွားခဲ့တာ UKမလား ဘာလို့တိုက်ခန်းဝယ်တော့ Lyonလဲ"

"မင်းပဲ ပြင်သစ်မှာနေချင်တယ်ဆို အဲ့ဒါကြောင့်ပဲ ပြင်သစ်မေဂျာယူတာဆို"

ဒါလေးတွေကအစ သူမှတ်မိနေခဲ့တာပဲ...
မိုးမြေ ရင်ထဲပျော်ကျသွားမိကာ ရင်ခွင်ထဲမှ မျက်နှာလေးမော့ကာ သူ့မေးဖျားကို မော့နမ်းလိုက်မိတာ အမြတ်တနိုးဖြစ်သည်။
သူဟာ မိုးမြေအတွက်တော့ Heroတစ်ယောက်ဖြစ်သလို အစစအရာရာမှာလည်း မိုးမြေအတွက်သာ ခေါင်းထဲရှိနေပုံ...

"ပြင်သစ်ဆိုတာထက် ငါက နင်ရှိတဲ့အရပ်မှာပဲ နေချင်တာပါ"

ထိုအခါ ပြုံးမြသွားသောသူ့နှုတ်ခမ်းတွေနှင့် ချစ်စဖွယ်ရဲတက်သွားသော နားရွက်ကလေးကြောင့် မိုးမြေပိုပြီးအသည်းယားသွားမိ၏။
သူဟာ မိုးမြေအတွက်ဆို အမြဲတမ်းကလေးတစ်ယောက်လိုသာ...

မိုးမြေခစားWhere stories live. Discover now