24

5.4K 264 6
                                    

💌 Part - 24 💌
---------------

နိုးနိုးလာချင်းကြားနေရသည့်အသံက တည်တည်တည်ငြိမ်ငြိမ်ရှိသလို တစ်ခုခုကိုရွတ်ဖတ်နေသည့်အသံမျိုးမို့ ရှုံ့မဲ့သွားမိကာ ဘေးကခေါင်းအုံးကိုဆွဲယူကာ နားပေါ်ဖိအုပ်ထားလိုက်သည်။
ထိုအခါ အသံသည် အနည်းငယ်တိုးသွားပေမယ့် ပျောက်ကွယ်မသွားဘဲ ပုံမှန်ထွက်ပေါ်နေဆဲမို့ ခေါင်းပြန်ထောင်လာရင်း နားစွင့်မိတော့ ပဌာန်းတရားတော်ဖြစ်၏။

တချို့လူတွေ၏ စိတ်ပျက်စရာအကျင့်ဟာ ဒီတစ်ခုလည်းအပါအဝင်ဖြစ်ပြီး ကိုယ်တိုင်လည်းမနာယူပါဘဲ မနက်စောစောစီးစီးမှာ တရားဒေသနာတွေအကြောင်း အကျယ်ကြီးဖွင့်တတ်ကြသည်။
ယုတ်စွအဆုံး ၅ပါးသီလတောင် မလုံခြုံကြပါဘဲ မနက်အစောကြီးမှာ တရားဖွင့်ပြီး လူကောင်းသူကောင်း လုပ်ပြတတ်ကြသည်။
ထိုသောက်တလွဲလူတွေကို သူအမုန်းဆုံး...

စိတ်တိုတိုနှင့် အခန်းအပြင်ထွက်လာခဲ့တော့ ပဌာန်းတရားတော်ကို ဖုန်းနှင့်ဖွင့်ထားကာ ဘုရားဆောင်ရှေ့မှာ ငြိမ်ငြိမ်လေးထိုင်နေသော မိုးမြေ။
နေ့တိုင်းကျူထိုး၊ နေ့တိုင်းဘီယာသောက်ပြီး နေ့တိုင်းအလောင်းအစားလုပ်နေသူကများ ကြီးကြီးကျယ်ကျယ်နဲ့...
အတွေးနှင့် နှုတ်ခမ်းမဲ့ပစ်လိုက်မိတာ ကျကျနန...

ခြေသံဖွဖွဖြင့် ကိုယ့်အခန်းထဲသို့ ပြန်ဝင်လာခဲ့ကာ အိပ်လို့မရတော့မှာလည်း သေချာနေ၍ ရေချိုးခန်းထဲသာဝင်လာခဲ့သည်။
ဒီနေ့တော့ ကားပြိုင်ပွဲရှိသောကြောင့် မနက်ကတည်းက Graveမှာပဲအောင်းနေဖို့စိတ်ကူးဖြင့် အဝတ်အစားလဲပြီးပြန်ထွက်လာသည့်အခါ မိုးမြေက ထမင်းစား,စားပွဲမှာ မနက်စာအတွက်ပြင်ဆင်နေ၏။

"မနက်စာစားရအောင်"

"မစားတော့ဘူး ငါသွားစရာရှိသေးလို့"

ထိုအခါ ပေါင်မုန့်ကိုထောပတ်သုတ်နေရင်း မိုးမြေလက်တွေရပ်တံ့သွားပြီး ဂြိုဟ်ကြည့် ကြည့်လာသောကြောင့် သူ့စိတ်ထဲရယ်ချင်သွားမိ၏။
ဟုတ်တော့လည်း ဟုတ်ပါတယ်၊ သူက ကိုယ့်အတွက် သေချာလေးပြင်ဆင်ပေးထားတာကို...

"အေး ထောပတ်ပါးပါးလေးပဲ သကြားနည်းနည်းပဲထည့်"

ဆိုကာ စားပွဲမှာဝင်ထိုင်တော့မှ ပြန်လည်ပြေပြစ်သွားသောမျက်နှာကြောင့် တစ်ချက်ပြုံးလိုက်မိသည်။
ဖိုးချမ်းတို့ပြောသလို သူဟာတကယ်ပဲ စော်ထိပ်ထားစံဖြစ်နေပြီလားတော့ မသိဘဲ ဒီငွေသရဲမကို အလျှော့ပေးနေရတာကတော့ သေချာနေပြီဖြစ်သည်။

မိုးမြေခစားWhere stories live. Discover now