48

5.3K 318 20
                                    

💌 Part - 48 💌
---------------

"အရေးပေါ်လူနာ"

ဆေးရုံကိုရောက်သည်နှင့် မိုးမြေကို တွန်းလှည်းလေးပေါ်တင်ပေးလိုက်ရကာ သူ့မှာတော့ မိုးမြေများသတိပြန်ရလာမလားဟု မျှော်လင့်နေမိဆဲ။
တွန်းလှည်းဘေးနားကနေ ပြေးလိုက်ရင်း သူမ လက်ကလေးကိုလည်းမလွှတ်နိုင်…

"ကားတိုက်မှုဖြစ်တာ ဘာမှကြီးကြီးမားမားတော့ မထိခိုက်ထားဘူး ခေါင်းကွဲထားလို့ သွေးပဲထွက်နေတယ်"

"ခေါင်းတွင်း သွေးယိုစိမ့်မှုဖြစ်နေလိမ့်မယ် ဆေးစစ်ဖို့ပြင်လိုက်"

"လူနာက သွေးထွက်များထားတယ်ထင်တယ် နှလုံးခုန်နှုန်းနှေးလာပြီ"

ဆရာဝန်တွေ အချင်းချင်းပြောနေသောစကားကြောင့် သူ့ရင်ထဲဒိန်းခနဲဖြစ်သွားပြီး အေးစက်နေသောလက်ကလေးကို ပိုပြီးတင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်သည်။
မဖြစ်ဘူး..
မင်း ငါ့ကိုရန်မတွေ့ဘဲ၊ စိတ်မဆိုးစိတ်မကောက်ဘဲ ဒီအတိုင်းထွက်သွားလို့ မဖြစ်ဘူး Honey…

"ထပါ မိုးမြေရယ် မင်းသွားလို့မရဘူးလေ ငါတို့အတူတူရင်ဆိုင်မယ်ဆို ငါ့ဘေးမှာရှိမယ်ဆို"

"ခစား"

"ငါ့ကိုစိတ်ဆိုးပြီး တမင်အိပ်ချင်ယောင် ဆောင်နေတာမလား ငါနောက်ထပ်မဆိုးတော့ပါဘူး Babyရယ် ထပါကွာ..
ငါ့ကိုဆဲပါဦး စိတ်ဆိုးမာန်ဆိုးနဲ့ရန်တွေ့ဦးလေ"

သူမလက်ကလေးကို အတင်းဆွဲလှုပ်ကာ မုန့်မရသော ကလေးတစ်ယောက်လို တတွတ်တွတ်ပြောရင်း သူငိုချလိုက်သည့်အခါ တိမ်တိုက်က သူ့ပခုံးတွေကို ဖိဆုပ်ပေးရင်း နှစ်သိမ့်လာ၏။
သို့သော်လည်း သူလိုအပ်နေတာက မိုးမြေဆီကနှစ်သိမ့်မှုသာဖြစ်ပြီး သူမရဲ့ရန်တွေ့စကားဖြစ်ဖြစ်၊ ကျိန်ဆဲသံလေးဖြစ်ဖြစ် ကြားချင်မိသည်။
အရာအားလုံးကို သူမဆီကသာ လိုချင်နေခဲ့၍…

"ဆေးရုံရောက်ပြီပဲ ခစားရာ"

"ငါ့ကြောင့်သိလား တိမ်တိုက် ငါ့ကြောင့်မို့.. ငါသာ ခိုးပြီးကားပြိုင်မမောင်းခဲ့ရင် သူလိုက်လာမှာမဟုတ်ဘူး"

"မဟုတ်တာကွာ"

ကိုယ့်ကိုယ်ကို အထပ်ထပ်ကျိန်ဆဲရင်း ပါးတွေရိုက်ပစ်မိပေမယ့် တိမ်တိုက်က သူ့လက်တွေကိုဖမ်းချုပ်ကာ စိတ်ထိန်းဖို့ကိုသာ နားချနေခဲ့၏။
မျက်ရည်တွေကို သူဖိသုတ်နေစဥ်မှာ ဆရာဝန်တစ်ယောက်က နှလုံးခုန်လာအောင် လက်နှစ်ဖက်နှင့်ရင်ဘတ်ကို ဆောင့်အောင့်စွာဖိနေ၍ သူစိတ်တိုသွားမိသည်။
အဲ့လိုယောကျာ်းအားနဲ့ ဆောင့်ချနေမှတော့ သူမ သတိရလာတဲ့အခါ အောင့်နေခဲ့မှာပေါ့…

မိုးမြေခစားWhere stories live. Discover now