53

6.8K 366 24
                                    

💌 Part - 53 💌
---------------

"ဒါကိုယ်တို့အိမ်"

နန်းတော်ကြီးတစ်ခုလို ခမ်းနားထည်ဝါနေသော အိမ်ကြီးကိုတစ်ချက်မော့ကြည့်မိရင်း ဒီနေရာမှာသူနေခဲ့တာလားဆိုသည့်အတွေးဖြင့် ရင်ထဲနွေးသွားမိသည်။
ကားပေါ်ကဆင်းလိုက်သည်နှင့် ရင်ထဲသိမ့်ခနဲဖြစ်သွားကာ မိုးမြေတစ်ချက်ပြုံးမိသည်ဆိုလျှင် ဒါသည် ကောက်ကျစ်သောအပြုံးတစ်ချက်သာ ဖြစ်ပါလိမ့်မည်။
ဒီမိသားစုကို မိုးမြေလို နာကျင်စေရမည်။
ရင်ကွဲပက်လက်ဖြင့် ဖွဲမီးတွေလို တမြေ့မြေ့လောင်မြိုက်နေစေရမည်ဆိုသည့် ဆုံးဖြတ်ချက်တွေက ဆက်တိုက်...

"ဒါ ကိုယ့်ဒက်ဒီ"

ခစားရဲ့ပထွေးပေါ့...
အတွေးဖြင့်ကျကျနနပြုံးမိကာ ထိုလူကြီးကို အပြုံးဖြင့်နှုတ်ဆက်လိုက်တော့ မိုးမြေကိုလှမ်းကြည့်သော ဦးမင်းသီဟ၏အကြည့်တို့က နူးညံ့သိမ်မွေ့နေခဲ့သည်။
ဦးမင်းသီဟ၏ဘေးတွင် ဒေါ်မေမီရှိနေခဲ့ကာ ထိုအမျိုးသမီးဟာ ခစားနှင့်တူသောကြောင့် မိုးမြေ ငေးစိုက်ကြည့်မိသွားသည်အထိ။
သူ့လိုနှုတ်ခမ်းပါးလေးတွေ၊ သူ့လိုနှာတံစင်းစင်းလေးဖြင့်...

"သားကြီးကပြောထားပါတယ် မိုးမြေနော်"

"ဟုတ်ကဲ့"

"မိဘတွေကရော"

"အမေမရှိတော့ပါဘူး မိုးမြေမှာအဖေပဲရှိပါတယ် အခု အလုပ်မလုပ်နိုင်တော့ မိုးမြေကပဲ အားလုံးကိုလုပ်ကိုင်ပေးနေတာပါ"

"မောင်တစ်ယောက်ရှိတယ်ဆို"

"ဟုတ်ကဲ့ မောင်လေးက မွေးရာပါဆီးချိုရောဂါသည်ပါ"

မိုးမြေပြောသည့်အမှန်တရားတွေကြောင့် ဆင်းရဲနွမ်းပါးသောကိုယ့်ကို ထိုလူကြီးငြင်းလိုက်ပါစေဟု ဆုတောင်းခဲ့မိပေမယ့် ထိုလူကြီးဟာ ငြင်းမည့်ပုံမပေါ်ပါ။
မိုးမြေဟာ လူကြီးတစ်ယောက်၊ ဆီးချိုရောဂါသည်တစ်ယောက်နှင့် ချို့တဲ့စွာရှင်သန်ခဲ့သူအဖြစ် သိစေချင်သည်။
သူတို့မုန်းတီးခဲ့သောမိုးမြေသည် မင်းခစားကို ခြူခဲ့သူမဟုတ်ကြောင်း သိစေချင်သည်။

ကိုကြီးနှင့် သဘောမတူလျှင်လည်း မိုးမြေခံစားရမည်မဟုတ်ဘဲ မဲ့ပြုံးတစ်ချက်ဖြင့် အရာအားလုံးကို Move onပစ်လိုက်ရုံသာ။
သို့သော် ကိုကြီးက မိုးမြေလက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ပြုံးပြလာသည့်အခါ မိုးမြေမှာ နားမလည်နိုင်အောင်ဖြစ်သွားပြီး ကိုကြီးမိဘတွေကို ပြန်ကြည့်လိုက်မိသည်။

မိုးမြေခစားWhere stories live. Discover now