63

7K 373 17
                                    

💌 Part - 63 💌
---------------

ဘန်ဂလိုကိုပြန်ရောက်သည့်အခါ မိုးမြေက ဖန်ခွက်တစ်ခွက်ကိုင်ထားပြီး မိုးသားကိုဆေးတိုက်နေသောကြောင့် သူ မိုးသားရဲ့ခုတင်ပေါ်မှာ ဝင်ထိုင်လိုက်သည်။
မောင်နှမနှစ်ယောက်လုံး သူ့ကိုလှည့်ကြည့်လာကြပေမယ့် ဘာမှမမေးဘဲ မိုးမြေကတော့ ဘာဖြစ်လာသလဲဟု အကဲခတ်သလိုကြည့်နေခဲ့သည်။

"မနက်ဖြန် ဦးလေးတို့အိမ်မှာ ထမင်းသွားစားကြမယ်"

"ဘယ်ကဦးလေးလဲ"

"ငါ့အဖေလေ"

မိုးမြေကသိနေပေမယ့် မိုးသားကမသိသောကြောင့် ဟင်ခနဲဖြစ်သွားပြီး သူ့ကိုပြူးကြည့်လာတော့ မိုးမြေက ပခုံးကိုလှမ်းပုတ်ပြီး မသိမသာခေါင်းခါပြသည်။
အလိုက်သိသောထိုကောင်လေးက နောက်ထပ် ထပ်မမေးတော့ဘဲ ဆေးသောက်လိုက်ပြီး အိပ်ရာပေါ်ပြန်လှဲသွားသောကြောင့် မိုးမြေက စောင်ကိုရင်ဘတ်ပေါ်အထိဆွဲခြုံပေးသည်။
ထို့နောက် သားသားရဲ့အခန်းကို တံခါးတွေ တံခါးတွေပိတ်ပြီးမှ သူ့အနားရောက်လာပြီး လက်ကမ်းပေးသောအခါ မိုးမြေကို သူမော့ကြည့်ရင်း သူမလက်ကလေးကို ပြန်ဆုပ်ကိုင်လိုက်သည်။
သူမက အခန်းအပြင်ထွက်သွားသောကြောင့် မိုးမြေနောက်ကလိုက်လာခဲ့ပေမယ့် အတွေးတွေဖြင့် နှုတ်ဆိတ်နေမိသည်။

"ဦးလေးပြန်ရောက်လာပြီလား"

"အင်း ဒီမှာပဲနေတော့မယ်တဲ့လေ ငွေဆောင်မှာလုပ်ငန်းတွေရှိတယ်တဲ့ ပြီးတော့ငါပြောလိုက်တာလွန်သွားလို့လား မိုးမြေ"

"နင်ကဘာပြောလိုက်တာလဲ"

"ငါလည်း ဟိုမိသားစုဆီပြန်မသွားတော့ဘူးဆိုပြီး ဒီကဆွေမျိုးတွေနဲ့ မိတ်ဆက်ခိုင်းမိတာ ပြောရရင် ဒီကလူတွေကလည်း အဖေဘက်က တော်စပ်တဲ့လူတွေမလား"

"အင်းလေ အဲ့ဒါကြောင့်ဆို နင်မလွန်ပါဘူး ဦးလေးကဘာပြောလို့လဲ"

"ငိုသွားတယ်"

မိုးမြေက မျက်နှာလေးမော့လာပြီး သူ့ပခုံးကိုမှီချကာ သူ့ပါးတစ်ဖက်ကို ဖွဖွလေးအုပ်ကိုင်သည်။
စိတ်အားငယ်နေချိန်တိုင်း သူလိုအပ်သည့်အရာသည် မိုးမြေ၏လက်ကလေးတစ်ဖက်နှင့် သူမဆီကနှစ်သိမ့်စကားတချို့ရယ်သာ...

မိုးမြေခစားWhere stories live. Discover now