55

6.3K 377 16
                                    

💌 Part - 55 💌
---------------

စိတ်ရှိလက်ရှိပေါက်ကွဲပြီးနောက် မိုးမြေပင်ပန်းလာပြီမို့ မွစာကြဲနေသောတစ်ခန်းလုံးကို ဝေ့ကြည့်ရင်း ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းလှဲအိပ်လိုက်မိသည်။
အမွှေးပွကော်ဇောလေး ခင်းပေးထားသောကြောင့် နုအိနေပေမယ့် စိတ်ထဲမှာတော့ ပြေလည်မသွားခဲ့ဘဲ ထိုအမွှေးနုနုလေးတွေကိုသာ လက်နှင့် အသာအယာလေးထိတို့နေမိသည်။
စိတ်ကူးထားခဲ့သမျှက လက်တစ်ကမ်းအကွာကိုရောက်နေပြီမို့ ဒီလိုပျက်စီးသွားဖို့ စိတ်မကူးခဲ့ပါဘဲ...

"ကိုယ့်ညီလေး ပြန်ရောက်မှ လက်ထပ်ကြမယ်နော် ညီ့ကို အတူရှိစေချင်လို့ပါ"

ဟု ကိုကြီးပြောလာတုန်းက မိုးမြေအလွယ်တကူခေါင်းညိတ်ခဲ့မိခြင်းကိုက အမှားဆုံးဖြစ်သည်။
တကယ်ဆို သူ ပြန်မလာခင်မှာ ကိုကြီးနဲ့လက်မှတ်ထိုးပြီးတော့ပဲဖြစ်ဖြစ် လက်ထပ်ထားခဲ့သင့်တာ...

"နင် လုပ်တာတွေမှားနေပြီလို့ မထင်ဘူးလား မမ"

"ဘာကိုလဲ"

"နင် အဲ့ဒီလူကြီးကို တကယ်ချစ်တာလည်းမဟုတ်ဘဲနဲ့"

"ငါ့အတွက်လိုအပ်လို့ပါ"

"ဘာကိုလိုအပ်တာလဲ ငါ့ဆေးဖိုးတွေအတွက်လား နင်လက်စားချေချင်တာအတွက်လား"

သားသားက ဤလုပ်ရပ်တွေကို ရှေ့ဆက်မတိုးစေချင်ခဲ့သလို တားဆီးခဲ့ပေမယ့် မိုးမြေဟာ အစစအရာရာကို အစီအစဥ်ချခဲ့ပြီးပြီဖြစ်သည်။
ကိုကြီးကိုလက်ထပ်ဖို့ သဘောတူခဲ့ပြီးနောက်မှာ ဖေဖေက စိတ်ချလက်ချဘဝကူးသွားခဲ့၍ မိုးမြေဟာ သားသားကလွဲလျှင် ဘယ်သူမှမရှိတော့ချေ။
ထိုတစ်ဦးတည်းသောမိသားစုအတွက် မိုးမြေဟာ တစ်ဘဝလုံးပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့သလို တချို့ဘဝတွေကိုလည်း ချနင်းဖို့ဆုံးဖြတ်ခဲ့သည်အထိ။

"နှစ်ခုလုံးပဲလေ ကိုယ်ချင်းစာစမ်းပါ သားသားရယ် ငါတို့အမေတစ်ယောက်တည်းက မွေးတဲ့သူချင်းတောင် ဒီလောက်ချစ်ကြရင် အဲ့ဒါလေးက ငါ့ရဲ့.."

ရင်ဘတ်ထဲဆို့ကြပ်လာမိ၍ ပြောလက်စ စကားတွေသည် ထိုးရပ်ခြင်းသို့ရောက်ကာ မိုးမြေ ထပ်အံကြိတ်ပြန်သည်။
ဒီစိတ္တဇကိုတော့ သူမ ဘယ်လိုမှချေဖျက်လို့မရသလို Blueberryသီးလေးတွေမြင်တိုင်း စေ့စေ့မကြည့်ရဲအောင် ကြောက်ရွံ့မိသည်။
ထို့အတူ ခစား၏မိသားစုကိုလည်း မိုးမြေကဲ့သို့ ပြန်ခံစားစေချင်သည်။

မိုးမြေခစားWhere stories live. Discover now