7

6.7K 227 5
                                    

💌 Part - 7 💌
---------------

"မိုးမြေဟုတ်လား"

နေသွေးရဲ့မေးခွန်းကြောင့် ခေါင်းကိုညိတ်ပြလိုက်ကာ ကော်ဖီကို တစ်ချက်မော့သောက်လိုက်၏။
သူ ခေါင်းညိတ်လိုက်သည်နှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သွားကြသော ထိုကောင်တွေကြောင့် စိတ်ထဲထူးဆန်းသွားမိကာ ကော်ဖီခွက်ကိုပြန်ချလိုက်သည်။

"သိလို့လား"

"သိတယ်လေ မိုးမြေဆိုတာ Franceမှာနာမည်ကြီးပဲ မင်းမသိဘူးလား Kingဖြစ်နေပြီးတော့"

"Kingဖြစ်နေတိုင်း လူတကာကိုသိရမှာလား ပြီးတော့ Fresher welcomeတုန်းက စင်ပေါ်အတင်းတက်ခိုင်းလို့ရလာတဲ့ နာမ်စားကြီးပါကွာ ငါဖြစ်ချင်တာမှမဟုတ်တာ"

"မဖြစ်ချင်လည်း မင်းသောက်ခွက်ကြီးကမှ ဖြောင့်နေတဲ့ဥစ္စာ စင်ပေါ်တက်တဲ့ကောင်တိုင်းရလို့လား အဲ့ဒီနာမ်စားက"

"ထားစမ်းပါ အဲ့ဒီမိန်းမက ဘာဖြစ်လို့လဲ"

"သူကQueenတော့မဟုတ်ဘူး ဒါပေမယ့်အဲ့ဒီMajor Queenထက် ပိုQueenတယ်"

"ဘာလဲဟ"

"လှတယ်လေ Queenမလုပ်ချင်လို့ဆိုပြီး အဲ့နေ့ကမလာလို့ Queenမဖြစ်တာ ဒါပေမယ့်သူကQueenထက်တောင် လူစိတ်ဝင်စားခံရသေးတယ်"

"အေးလေ မင်းတောင် ပညာအပြခံလိုက်ရသေးတယ်မလား"

ကောင်းထက်စကားကြောင့် နေသွေးမျက်နှာကြီးရှုံ့မဲ့သွားကာ မျက်နှာလွှဲသွား၍ တစ်ဝိုင်းလုံးရယ်သံတွေဆူညံသွား၏။
နေသွေးပညာပေးခံလိုက်ရသည်ဆိုပါလား…
Queenထက်တောင်နာမည်ကြီးပါလျက် Queenမဟုတ်သည့် ထိုငွေသရဲမဟာ ဘယ်လိုပညာတွေများ တတ်မြောက်နေသေးသလဲ…

"ဘာဖြစ်လို့လဲ"

"မင်းကောင်ကို အဲ့ဒီအပြင်းစားလေဒီက ပညာပြသွားတာ"

"တကယ်ကြီး"

"အေး.. တကယ်ဆို မိုးမြေက Frenchမှာနာမည်ကြီးပဲနော် ဒါတောင် ဒီကောင်မကြောက်မလန့်သွားစသေးတာ အဲဲ့ဒီLadyကသိပ်ချေတာကို သိရဲ့သားနဲ့"

"နှင်းဆီပန်းစည်းလေးပဲသွားပေးတာပါကွာ"

"မယူလိုက်ဘူးလား"

မိုးမြေခစားWhere stories live. Discover now