62

6.6K 392 8
                                    

💌 Part - 62 💌
---------------

"ဒီနေရာမှာလက်မှတ်ထိုးပါ"

ဘောပင်န်ကိုလှမ်းယူလိုက်သော လက်ကလေးကို တစ်ချက်ငေးစိုက်ကြည့်နေမိရင်း အလိုလိုပြုံးမိသွားကာ မိုးမြေဘေးကလူကိုလည်း သူတစ်ချက်ကြည့်မိပြန်သည်။
သူလိုလားခဲ့သောသူ၊ သူသံယောဇဥ်ဖြစ်ခဲ့ရသည့် ဂျစ်ကန်ကန်ဘဲကြီးဟာ အခုတော့ အရင်တုန်းကဖြစ်ချင်ခဲ့သည့်အတိုင်း ယောက်ဖအစစ်ဖြစ်ခဲ့ပြီမို့...

"တော်သေးတယ်နော် မိုးမြေခေါင်းညိတ်လို့ မဟုတ်ရင် အဲ့ကောင်ဂျေးထဲရောက်ပြီ"

ကိုဖိုးချမ်းကတီးတိုးပြောလာတော့ သူ ပြုံးရုံသာပြုံးကာ ခေါင်းခါပြလိုက်သည်။
မိုးမြေအကြောင်း၊ မိုးမြေရဲ့ခံစားချက်တွေအကြောင်း သူသာအသိဆုံးဖြစ်ကာ ဒီအခြေအနေကိုရောက်သွားခဲ့ရင် မိုးမြေခေါင်းညိတ်မှာမှန်းလည်း သူသိသည်။
ဒါကြောင့်ပဲ ဘယ်သူဘာဖြစ်ဖြစ် ဒီလိုဖြစ်အောင် ကိုကြီးခစားကို တမင်မြှောက်ထိုးပင့်ကော် လုပ်ပေးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်အစ်မအကြောင်း ကျွန်တော်သိပါတယ် မတတ်သာလို့ပဲယူရယူရ ချစ်လို့ပဲယူရယူရ သူ ကိုကြီးခစားကိုအရမ်းချစ်တာ"

"အဲ့ဒါတော့အဲ့ဒါပေါ့ ဒါပေမယ့်မင်းအစ်မက စေ့စပ်ခါနီးလေကွာ မင်းလုပ်ပေါက်က တကယ်နော် ငါမပြောလိုက်ချင်ဘူး စောက်ကလေး"

"အေးလေ ငါ့မှာလည်းဆေးရုံစောင့်ကြီးကိုဖြစ်လို့ နားကောင်းခြင်းမနားရ"

ပြောပြောဆိုဆိုနားရင်းအုပ်ခံလိုက်ရပေမယ့် အားလုံးကရယ်မောနေသလို သူကိုယ်တိုင်လည်းပျော်နေမိကာ မြန်မာဝတ်စုံဝတ်ထားသည့် သတို့သမီးလှလှလေးကိုသာ ကြည့်နေမိသည်။
သူ့ဘဝရဲ့တစ်ဦးတည်းသောအမျိုးသမီးလေး..
ထို့အပြင် သူ့အတွက် အစစအရာရာစွန့်လွှတ်စွန့်စားပေးခဲ့သော ဒုတိယမိခင်...

"ပျော်သွားပြီလား သားသားစုတ်"

"အေး"

"အဲဲ့ဒါကိုဘာဖြစ်နေတာလဲ မျက်နှာကြီးက"

"ငါမြင်ချင်တာကိုမြင်ရပြီမို့လို့ ပျော်နေတာ သက်သေနေရာမှာ ငါထိုးမှာနော်"

မိုးမြေခစားWhere stories live. Discover now