10

6.8K 242 4
                                    

💌 Part - 10 💌
---------------

"မင်းရဲ့သားကိုဆုံးမထားစမ်း မေမီ မြင်လိုက်ရင်ဘေးမှာကောင်မလေးတစ်ယောက် အမြဲပါတယ် အလကားလူရှုပ်လူပွေ"

"ရှင်ကလည်း"

"ဟုတ်တယ် ငါတို့မိသားစုထဲ အဲ့လိုသိက္ခာမရှိတဲဲ့ကောင်မျိုးပါနေတာ တကယ်စိတ်ပျက်ဖို့ကောင်းတယ်"

ဒက်ဒီ့အသံကြားလိုက်ရပြီဆို သူ့အတွက်ငြင်သာတာ ဘာမှမရှိပါဘဲ အမြဲလိုလိုနှိမ့်ချနေခဲ့တာသည်လည်း အခုမှမဟုတ်။
သူပခုံးတွန့်လိုက်သည့်အခါ ကိုကိုက သူ့ကိုလှမ်းကြည့်ရင်း သူကြားအောင် တမင်သက်သက် သက်ပြင်းအကျယ်ကြီးချပြသည်။

"ခစား မင်း ဒက်ဒီ့စကားကို နည်းနည်းလောက်နားထောင်သင့်တယ်မလား"

"မထောင်ပါဘူး ဒက်ဒီ့အတွက် ကျွန်တော်က ဘယ်နေရာမှာအသုံးဝင်လို့လဲ"

"မင်း အဲ့လိုရွဲ့နေလေ ဒက်ဒီကပိုပြီး.."

"ပြောစမ်းပါစေဗျာ မှန်တာတွေပြောနေတာပဲ ဘာဖြစ်လဲ ကလေကဝ လက်ကြောမတင်းတဲ့ကောင်.. ဟုတ်တယ် ကျွန်တော်က အဲ့လိုကောင်ပဲဥစ္စာ"

ဂိမ်းကွန်ထရိုးကိုချကာ TVကိုပါပိတ်ပစ်လိုက်ပြီး အနွေးအင်္ကျီတစ်ထည်ကောက်စွပ်နေရင်း ကိုကို့ကိုမကြည့်ဘဲ ဂျစ်ကန်ကန်ပြန်ပြောလိုက်၏။
ကိုယ်ဘာလုပ်နေသလဲ၊ ဘာဖြစ်ချင်နေသလဲ ကိုယ့်ကိုယ်ကိုသာအသိဆုံးဖြစ်ကာ ဒက်ဒီကတော့ ကိုကို့လိုပုံစံမျိုးကိုမှ သားတစ်ယောက်ဟု ထင်နေလောက်သည်။
ပုံစံခွက်ထဲမနေချင်သည့် မင်းခစားကတော့ ဒက်ဒီ့အတွက် ဘာပဲလုပ်နေနေကန့်လန့်…

"အဲ့ဒါကိုသာ နည်းနည်းပြုပြင်လိုက်ရင် ဒက်ဒီကမင်းအပေါ် အမြင်ပြောင်းလဲသွားမှာ နည်းနည်းလောက်ပြုပြင်စမ်းပါ ငါ့ညီရာ"

"ဒက်ဒီ့အတွက် ကိုကိုရှိနေတာပဲ"

တမင်ပခုံးတွန့်ကာပြောပြီး ကျူအိတ်ကိုလှမ်းယူတော့ ကိုကိုကအိတ်ကိုလှမ်းဆွဲလိုက်၍ သူ ကျွတ်ခနဲစုပ်သပ်ကာ ကိုကို့ကိုပြန်ကြည့်လိုက်သည်။
ကိုကိုက မင်းရာဇဆိုသည့်နာမည်နဲ့လိုက်အောင် ထည်ဝါခန့်ညားသူတစ်ယောက်ဖြစ်ပြီး ဒက်ဒီ့လုပ်ငန်းထဲမှာလည်း အရေးပါအရာရောက်သူဖြစ်သည်။
အသက်ချင်းကွာပေမယ့် ကိုကိုနဲ့သူငယ်ချင်းလိုသာပေါင်းဖြစ်ကာ တစ်ခါတစ်လေတော့လည်း ကလေးတစ်ယောက်လို ဆူပူတတ်သေး၏။

မိုးမြေခစားWhere stories live. Discover now