30

6.2K 265 11
                                    

💌 Part - 30 💌
---------------

"မင်းဘယ်လိုတွေလုပ်နေတာလဲ မိုးမြေ"

Snookerခန်းထဲရောက်ရောက်ချင်း မန်နေဂျာကြီးက ဆီးကြိုအော်ငေါက်လိုက်၍ မိုးမြေကြောင်သွားမိသလို အားလုံးရဲ့အကြည့်တွေက မိုးမြေဆီရောက်လာ၏။
နည်းနည်းရှက်သွားမိသလို မခံချင်စိတ်လည်းဖြစ်သွားရပြီး ဂျာကြီးကိုပြန်ကြည့်ပစ်လိုက်ရင်း…

"ဘာလုပ်မိလို့လဲ"

"ဟိုတစ်နေ့ညကလည်း မင်းမလာဘူး မနေ့ကဆို တစ်နေကုန်ပေါ်မလာဘူး မလာဘူးဆိုလည်း ခွင့်တိုင်တာမျိုးတော့ လုပ်သင့်တယ်မလား မင်းရဲ့အထက်မှာ လုပ်သက်ရင့်ဝန်ထမ်းတွေလည်းရှိတယ် ငါလည်းရှိတယ်"

"ဒါပေမယ့် ခစားက.."

"ခစားက.. ခစားက.. ပိုင်ရှင်ကိုအားကိုးပြီးထင်ရာလုပ်နေရအောင် မင်းက ပိုင်ရှင်ကတော်မဖြစ်သေးဘူးနော် Snookerခန်းရဲ့ဝန်ထမ်းပဲ ဝန်ထမ်းဖြစ်နေသ၍ အလုပ်မလာနိုင်ရင်ခွင့်တိုင်ရမယ် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင် Customerမဟုတ်ဘူး
မနေ့ကဆို မင်းနဲ့ကစားချင်တဲ့သူတွေအများကြီးပဲ မင်းကိုစောင့်နေကြတာ"

သူမ နှာခေါင်းရှုံ့မိသလို ခစားကိုလည်းစိတ်ဆိုးမိသည်။
ဂျာကြီးကတော့ ဧည့်သည်များများရောက်လေ၊ Bonusမြင့်လေမို့ ငွေကိုပဲကြည့်မှာဖြစ်ပြီး မိုးမြေကိုဆူပူခြင်းဟာ ဖြစ်တော့ဖြစ်သင့်သည်။
ခစားအစုတ်ပလုတ်သည်သာ မိုးမြေကိုလိမ်ညာခေါ်ပြီး Shoppingထွက်လိုက်၊ လက်သည်းSpaလိုက်ပို့လိုက်ဖြင့်။
အနည်းဆုံးတော့ မိုးမြေကိုမဆူဖို့ ဂျာကြီးဆီ အကျိုးအကြောင်း လှမ်းပြောသင့်တယ်မလား…

"ဂျာကြီး တကယ်ဖောက်နေတာ အစ်မရ မနေ့က အစ်မနဲ့ကစားမလို့ဆိုတဲ့သူက အကြာကြီးပဲစောင့်နေတာ အစ်မ မလာမှန်းသိရော ဂျာကြီးကိုအပြတ်ကောပြီးမှ ထွက်သွားတာ
အဲ့ဒီတော့ အစ်မအပေါ်ပုံကျသွားရော"

Barmanကောင်လေးက အကျိုးအကြောင်းပြောပြပေမယ့် မိုးမြေမကျေနပ်နိုင်ဘဲ ခစားစုတ်ကိုသာ နုတ်နုတ်စင်းပစ်ချင်မိသည်။
အခုတော့ အဆူလည်းခံရသည့်အပြင် ရက်မှန်ကြေးလည်း အဖြတ်ခံရတော့မှာမို့ ငိုလည်းငိုချင်မိသည်။
ထို့ကြောင့် နားနေခန်းထဲသာအရင်ဝင်လာခဲ့ပြီး အပေါ်ကထပ်ဝတ်လာသော အင်္ကျီကိုချွတ်ကာ ဆိုဖာပေါ်ပစ်တင်လိုက်ချိန် ခစားက နားနေခန်းထဲဝင်လာ၏။

မိုးမြေခစားWhere stories live. Discover now