19

5.6K 271 8
                                    

💌 Part - 19 💌
---------------

"ကြိုပြောထားမယ်နော် မိုးမြေ ဒီနေရာမှာ မင်းSexyက,ထပ်ကရင် တစ်ကိုယ်လုံးရိုဂာ်ချ်ုးပစ်မှာ မယုံမရှိနဲ့"

ကိတ်ခွဲအပြီးမှာ အားလုံးက Dancing floorကိုဆင်းဖို့ပြင်နေချိန် သူ မိုးမြေကို ခပ်တိုးတိုးကပ်မှာလိုက်ခြင်းဖြစ်သည်။
Graveလို Barအသေးလေးမှာတောင် ယောကျာ်းတွေကိုပွဲဆူစေသည့် သူမ,ကို ဒီနေရာမှာတော့ ထပ်မလုပ်စေချင်..
မကျေမနပ်ပြန်ကြည့်နေသည့် မိုးမြေက ပုတ်သင်ညိုအရှုံးပေးရလောက်သည်အထိ တဆတ်ဆတ်ညိတ်ပြတော့ နေသွေးတို့ဆီမှ ရယ်သံသဲ့သဲ့ထွက်လာ၏။

"မင်းကလည်း သူ့ဘာသာနေပါစေ"

"မရဘူး ဟိုတစ်ခါတုန်းက မင်းတို့မမြင်ဖူးလိုက်လို့.. Barတစ်ခုလုံးအုံကြွလာတာ"

"ဟေ့ကောင် မင်းကရော Sexyက,ကတဲ့ကောင်မလေးတွေ မမြင်ဖူးလို့လား အဲ့ဒီတုန်းကတော့ လှတယ်ဟ မိုက်တယ်ကွနဲ့ မျက်စိအစာကျွေးတာဘယ်သူလဲ သူ့ဟာကျမှသိတတ်နေလိုက်တာ"

"အေးလေ"

"မင်းတို့မသိလို့ပါ"

ဒီလောက်သာ သူ ပြောနိုင်ကာ Dancing floorရောက်နေပြီဖြစ်သော မိုးမြေကိုလှမ်းကြည့်မိတော့ သူမက မက,သေးဘဲ မယောင်မလည်လုပ်နေ၏။
ထိုအချိန် မိုးမြေအနားကိုရောက်လာသည့် ကောင်တစ်ကောင်ကြောင့် စိတ်ထဲတင်းသွားကာ ထိုလူက သူမကိုအရက်အပြည့်ပါသော ကလပ်တစ်ခုလှမ်းပေးနေသည်။
မိုးမြေက ထိုကလပ်ကိုလှမ်းယူကာ ထိုလူနဲ့အတူ စကားလက်ဆုံကျသွားသောကြောင့် သောက်လက်စရေဘူးကို ဖျစ်ညှစ်ပစ်လိုက်မိသည်အထိ။

ဂျွတ်ခနဲအသံနှင့်အတူ တွန့်လိန်သွားသော ရေဘူးကြောင့် တိမ်တိုက်နှင့်နေသွေးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မိုးမြေဆီအကြည့်ရောက်သွားကြ၏။
DJသံတွေဆူညံနေ၍ မိုးမြေဘာပြောနေသလဲမကြားရဘဲ သူမဟာ ပခုံးတွေလှုပ်ခတ်သည်အထိ ရယ်မောနေလေသည်။

"ခစား ဟေ့ကောင်"

လှမ်းဆွဲသောတိမ်တိုက်ရဲ့လက်ကို ပုတ်ထုတ်ပစ်ကာ မိုးမြေအနားရောက်တော့ သူမက မော့ကြည့်လာပေမယ့် ရယ်နေတာတွေက ရပ်မသွားသေး။
သူ မျက်မှောင်ကုတ်ပစ်လိုက်ပြီး တစ်ဖက်ကလူကိုကြည့်မိတော့ ဘယ်သူလဲဟု အတိအကျမသိပေမယ့် ဒါသည် မိုးမြေရဲ့Business partnerတစ်ယောက်မှန်း ချက်ချင်းသိလိုက်သည်။

မိုးမြေခစားWhere stories live. Discover now