26

5.6K 267 5
                                    

💌 Part - 26 💌
---------------

Day 2

  
မျက်လုံးဖွင့်မိသည်နှင့် နားထဲကြားနေကျ ပဌာန်းတရားတော်အစား ငှက်တွေ၏အော်သံတိုးတိုးကိုသာ ကြားလိုက်ရ၍ စိတ်ထဲတမျိုးဖြစ်သွားမိသေးသည်။
ဒီအချိန်ဆို သူမ ဘုရားရှိခိုးနေလောက်ပြီပဲ…

"ထတော့ဟေ့ ဒီနေ့ ငါတို့ဝတ်စုံသွားရွေးကြမယ်"

သတို့သားကောင်းထက်၏ လော်,မလိုသောအော်သံကြီးကြောင့် သူတို့အားလုံးထထိုင်မိသွားကာ ကောင်းထက်ကို ခပ်တိုးတိုးကျိန်ဆဲနေကြ၏။
ကောင်းထက်က ထောင်တချို့ လဲတစ်ဝက်ဖြစ်နေသော ဘီယာဘူးခွံတွေကိုကျော်ခွကာ ရေချိုးခန်းကိုဦးတည်နေရင်း ညကမသိမ်းရသေးသည့်ဖဲထုတ်ကြီးကို တွေ့သွားလေသည်။
ဤတွင် အနီးဆုံးမှာရှိနေပြီး အခုထိမနိုးသေးသော ထွန်းမြတ်ရဲ့တင်ပါးကို ဘုန်းခနဲကန်ကျောက်ပစ်၍ ထွန်းမြတ်က ငေါက်ခနဲထထိုင်လေသည်။

"ဘာလဲဟ"

"ညက ဖဲရိုက်တာ ငါ့ကိုမခေါ်လို့"

"အေး.. ခေါ်မလို့ပဲ မင်းမူစကူဒူးနေရင် အရှိန်ပျက်နေမှာစိုးလို့"

"Ballကိုအရှိန်ပျက် မင်းတို့တွေ တမင်လာမခေါ်တာမလား"

"စိတ်ပါလို့မဟုတ်ဘူးဟ ဟိုကောင်ခစား အသည်းကွဲနေလို့"

"ငါ့ကိုဆွဲမထည့်နဲ့ မင်းတို့ဘာသာ နာရီတွေချွတ်ပြီး လောင်းကြေးစားကြေး ချကြတာလေ တစ်နာရီထိုးမှထပြီး"

"တစ်နာရီဆိုထားလိုက်တော့ကွာ ငါ မူစကူဒူးနေပြီ"

"ဒီခွေးသားကတော့.. မင်းလည်း ဒါနဲ့ပဲthayမှာ"

BFFတွေ၏စကားဝိုင်းဟာ ဘယ်တုန်းကမှ မငြင်သာခဲ့သလို ဒီတစ်ခါလည်း အချင်းချင်းဆဲဆိုနေကြရင်း အိပ်ရာသိမ်းသူကသိမ်း၊ စောင်ခေါက်သူကခေါက်။
သူကတော့ မထချင်သေးတာမို့ ပြန်ခွေနေမိသည့်အခါ တိမ်တိုက်နှင့် ဖိုးချမ်းက ခြေထောက်တစ်ဖက်စီမှဆွဲသွား၍ အိပ်လျက်ကြီးအတိုင်း ရေချိုးခန်းအထိပါသွား၏။
ရေချိုးခန်းရောက်မှ သူ့အပေါ်ရေပန်းဖွင့်ချသောကြောင့် ငုတ်တုတ်ထထိုင်လိုက်ရကာ ထိုနှစ်ကောင်ကို အော်ဆဲမိတော့သည်။

မိုးမြေခစားWhere stories live. Discover now