41

6.7K 295 6
                                    

💌 Part - 41 💌
---------------

သားငယ်နှင့်မတွေ့ရတာကြာပြီမို့ သားငယ်ရှိတတ်သော Snookerခန်းရှိရာဆီကိုရောက်လာခဲ့တော့ သားငယ်ကဘယ်ရောက်နေသလဲမသိ။
Securityကောင်လေးတွေကတော့ နားနေခန်းမှာစောင့်ဖို့ပြောသောကြောင့် နားနေခန်းဆိုသည့်နေရာကို ဝင်လာခဲ့သည်။
ဘယ်သူတွေနားနေသလဲတော့မသိပေမယ့် မှန်တင်ခုံလေးရှိနေမှတော့ ဒီအခန်းဟာဘယ်သူ့အခန်းလဲဟု နားလည်သွားသလိုရှိကာ ရင်ထဲပူလောင်သွားမိသည်။

သားငယ်ဟာ ကလေးမဟုတ်တော့ပေမယ့် မိန်းမလည်တစ်ယောက်နှင့် တွဲဖြစ်နေပြီဆိုသော သားကြီးရဲ့စကားဟာ အမှန်ဖြစ်နေလောက်သည်။
ဤအခန်းဟာ ထိုမိန်းကလေးအတွက် သီးသန့်လုပ်ပေးထားသည်ဟု ထင်မိသလို Decorationကိုကြည့်ရုံဖြင့် တယုတယမွေးမြူထားမှန်းသိသာစေသည်။
တန်ဖိုးကြီး Luxuryအသုံးအဆောင်တွေဖြင့် ခမ်းနားထည်ဝါနေပုံက တကယ့်ရုံးခန်းတွေလို…

"မာမီ"

သားငယ်၏အသံကြားလိုက်ရသည်နှင့် သူမ လှည့်ကြည့်လိုက်တော့ အသားနည်းနည်းညိုသွားသည်မှတစ်ပါး အရင်အတိုင်းရှိနေသောသားကြောင့် သက်ပြင်းချလိုက်မိသည်။
သားငယ်ကတော့ သူမကိုတွေ့လိုက်ရ၍ ပျော်နေပုံရကာ အနားထိလျှောက်လာပြီး တအားဖက်ပစ်ရင်း…

"အား! မာမီ့ကိုလွမ်းနေတာ"

"ဘယ်ကကောင်မလေးနဲ့တွဲနေတာလဲ"

"မာမီကလည်း.. တွေ့တုန်းအဲ့ဒါတွေမမေးလို့မရဘူးလား"

"မင်းလုပ်နေတာတွေကရော မမေးဘဲနေချင်စရာကောင်းလို့လား ဒီအခန်းက ဘယ်သူ့အတွက်လုပ်ထားတာလဲ"

"သားတို့အတွက်ပေါ့"

"မှန်တင်ခုံကရော"

"ကောင်းထက်က မှန်ခဏခဏကြည့်လို့ပါ ရတနာလည်းတစ်ခါတစ်လေ လာတယ်လေ"

"မင်းခစား"

ပြောင်ပြောင်တင်းတင်းလိမ်နေသော ထိုကောင်လေးကြောင့် သူမစိတ်တွေတိုလာပြီး နားရွက်ကိုဆွဲလိမ်ပစ်လိုက်သည်။
ဘယ်လိုမိန်းမမျိုးမို့ ဒီလိုကာကွယ်နေရသလဲ…

"မာမီကလည်း တစ်နေ့နေ့တစ်ချိန်ချိန် ဒါကျွန်တော်ယူမယ့်မိန်းမပဲဆိုပြီး လက်ဆွဲခေါ်လာခဲ့မယ် အခုတော့ လွှတ်ပေးထားပါဆို"

မိုးမြေခစားWhere stories live. Discover now